အိမ်ပြန်ရောက်ကြတော့ အားလုံးက နဂိုပုံမှန်လိုပါပင်။ သားနဲ့ သူ့ အဖေက ကစားကြ စကားတွေပြောကြ။ တီဗွီ အတူတူ ကြည့်ကြ။ ကျမက ချက်လိုက် လျှော်လိုက် အိမ်ရှင်းလိုက်။ သားတို့ နဲ့ စားလိုက် စကားပြောလိုက်။
ဒီလိုနဲ့ တစ်နေကုန်လို့ ညအိပ်ချိန်ကို ရောက်တော့ သားက အိပ်ဖို့ ကြောက်နေပြန်ပါသည်။ တနေ့ လည်လုံး ဆော့ထားသဖြင့်အိပ်ချင်လှနေပါပြီ။သို့ သော် ဇွတ် ခေါင်းရမ်းပြီး သူ့ ကိုသူ မအိပ်အောင်ကြိုးစားနေသည်ကို တွေ့ ရတော့ ကျမတို့ သူ့ စိတ်အစွဲလျော့ဖို့ ကျိုးစားရပါတော့မည်။
ကျမတို့ လေသံပျော့ပျော့ဖြင့်... သားသားအိပ်ရအောင်လေ၊ မေမေတို့ လည်း အိပ်တော့မှာလေ။အိမ်မှာလေ သားသားရဲ့ ။ဟို မနေ့ ညကလို ဆေးရုံမှာ မဟုတ်ဘူးလေ။ နောက်ပြီး ဆရာမတွေလည်း မရှိဘူးလေ။ ဆေးတွေလည်း မသောက်ရတော့ဘူးလေ...ပြောပြသည့်အခါ နားထောင်နေပါသည်။ မယုံရဲသေးသလိုပါ။
စိတ်မချသလို အခန်းထဲကြည့်ရင်း ကုတင်ပေါ်တက်ပါသည်။ ကျမတို့ က.. ဟော ဖေဖေရော မေမေရော ရှိတယ်လေ။သားနဲ့ တူတူအိပ်မှာလေကြည့်...ဆို ပြီး ကျမက အိပ်ပြရပါသည်။ သားအဖေကပါ လိုက်လှဲရင်း..ကဲ ကဲ မအိပ်သေးရင်း ဖေဖေ့ပေါ်မှီပြီး တီဗွီ ကြည့်...ဆိုကာ အဖေ့ပေါ် လှဲခိုင်းရပါသည်။ ဒီလိုနဲ့ အချိန်အတော်ကြာပြီး မဟန်နိုင်လွန်းကာမှသာ အိပ်ပျော်သွားပါသည်။ တိုးတိတ်ညင်သာချောမွေ့ စွာနဲ့ ပါ။
ကျမတို့ နောက် ၂ည ၃ညလောက်တော့ ချော့ကာ နားလည်အောင်ပြောပြရင်း ပုံမှန်ဖြစ်အောင် ကြိုးစားရအုံးမည်ထင်ပါသည်။
တကယ်လည်းပဲ နောက် ၂ညကြာပြီးမှသာ အစစပုံမှန်ပြန်ဖြစ်သွားပါသည်။ တော်ပါသေးသည် ဟု ဟင်းချနိုင်ကြပါသည်။
သားလေး ခွဲအပြီး လေးရက်မြောက်နေ့ မှာတော့ ခေါက်ဆွဲပြုတ်ပျော့ပျော့ စ စားပါသည်။ ပထမ၃ရက်ကတော့ ရေနဲ့ နွားနို့ အေးအေးကိုသာ နဲနဲ နဲနဲ မကြာမကြာ တိုက်ပေးနေခဲ့ရပါသည်။ သားကိုယ်တိုင်က မစားလို မသောက်လိုခဲ့ပါ။ ရေခဲမုန့် ကလည်း ကျွေးမရတော့ ရေ အေးအေးကိုသာ တိုက်နေရပါသည်။ ဆေးတိုက်ရတာ အစက ခက်ပေမဲ့ သားသားနာနာပျောက်ဖို့ ဆိုတော့ သောက်ရှာပါသည်။
သို့ သော် အသံကတော့ အက်ကွဲကွဲ ရှတတ ဖြစ်နေဆဲ။ ပါးစပ်က ဟပြီးပြောနေတာလည်းပါပါမည်။ မပီမသဖြစ်နေဆဲ။ ထို့ ပြင် ပါးစပ်က အနံ့ လေးလည်း ထွက်နေပါသည်။ ကျမနဲ့ သားအဖေက အသံတိုးတိုးနဲ့ အနံ့ ရတဲ့အကြောင်းပြောကြတာကြားသွားပြီး သူ စကားပြောပြီးတိုင်း သတိရရသွားကာ သူ့ လက်ကလေးနဲ့ ပါးစပ်ကို ပိတ်ရှာပါသည်။ ကျမတို့ က စိတ်မကောင်းစွာ .. ဘာမှ မဖြစ်ပါဘူးသားရဲ့။ ပိတ်စရာ မလိုပါဘူး... ပြောကာ တားယူရပါသည်။ တော်ကြာ သူ့ စိတ်ထဲ မကောင်းဘူး စွဲသွားမှာ စိုးပါသည်။ သို့ သော် သားက သတိရတိုင်း ပိတ်တတ်ပါသည်။
ဒီရက်အတောအတွင်း အစားသိတ်မစားသဖြင့် ၀မ်းသွားရခက်တာက လွဲလို့ အဖျားမရှိ ၊ ည အိပ်ချိန်နီးလောက်မှသာ နာလာပုံရသော်လည်း ငိုလောက်အောင် နာပုံမပြသဖြင့် ၀မ်းသာရပါသည်။
၎ရက်မြောက် ညရောက်တော့ သားလေး ချောင်းစ ဆိုးပါသည်။ အာခေါင်ယားပြီး ဆိုးသလိုမျိုးပါ။ ခွဲပြီး ချုပ်ထားသည်က အသားမာကွာပြီး အသားနုတက်ချိန်မို့ ယားသည်ထင့်။ ပျောက်လုပြီထင်ပါရဲ့ ။ ၀မ်းသာရပါသော်လည်း သားလေးနေရခက်ကာ ချောင်းဆိုးနေသည်ကို ဆေးတိုက်ဖို့ က မလိုတော့ စိတ်ပြောင်းစိတ်လွဲလုပ်ပေးရင်းသာ သက်သာမေ့ပျောက်ဖို့ လုပ်ပေးနေရပါသည်။
၅ရက်မြောက်နေ့ ကျ ဆေးအားလုံးတိုက်ဖို့ မလိုတော့ပါ။ ခါတိုင်းက တစ်နေ့ ၂ကြိမ် နာကျင်တာ သက်သာအောင် ဆေးတိုက်ပေးခဲ့ရတော့ ညအိပ်ချိန်နီးလောက်မှသာ တခဏနာရှာပါသည်။ ခု ဆေးအားလုံးဖြတ်လိုက်တော့ နာပါတော့သည်။ မပြင်းထန်ဘူးဟု ထင်ရပေမဲ့ နာရှာပါလိမ့်အုံးမည်။ အော်..သနားရပါဘိ။
၅၊၆။၇ ရက်မြောက်နေ့ တွေကတော့ အာခေါင်ယား၊ချောင်ဆိုးနေပေမဲ့ နာကျင်မှုကတော့ သက်သာစပြုလာပြီထင်ပါသည်။ စကားပြောရုံသာမက သူ့ ဟာသူပါ စမ်းစမ်းပြီး အော်ကြည့်ပါသည်။ ကျမတို့ က .. သားသားလေး အာခေါင်နာမယ်လေ။ မအော်နဲ့ အုံးနော်... ဟု တားပါသော်လည်း ခဏခဏ အော်ကြည့်တတ်ပါသည်။ အစာပျော့ပျော့ အေးအေးကိုလည်း စ စားနိုင်ပါပြီ။ ၇ ရက်လောက် ရေနဲ့ နို့ သာ သောက်နိုင်ပေမဲ့ သားလေး အားမပြတ်သဖြင့် တော်ပါသေးသည်။ သို့ သော် ကိုယ်လေးချိန် ၂ကီလိုခန့် ကျ သွားတော့ လူလေးက ချောင်ချောင်လေး ဖြစ်သွားပါသည်။
၁၄.၆.၁၁ အင်္ဂါနေ့ ၊ ခွဲအပြီး ၈ ရက်မြောက်နေ့ ရောက်တော့ ခွဲစိတ်ဆရာဝန်နဲ့ သွားပြန်စစ်ရပါသည်။ ဆရာဝန်က လက်နှိပ်ဓါတ်မီးနဲ့ အာခေါင်တွင်းထိုးကြည့်ပြီး အားလုံး ပါဖက်ပါ။ အားလုံးကောင်းပါပြီ။ သို့ သော် နောက် ၃။၎ ရက်လောက်တော့ အသားနုတက်ချိန်မို့ အစာမာတွေမကျွးမိဖို့ နဲ အသားနုကို ထိမိပါက သွေးထွက်ဒါဏ်ရာရတတ်ပြီး အနာပြန်ဖြစ်တတ်တာမို့ ဂရုစိုက်ဖို့ သတိပေးပါသည်။ ၂ပါတ်ကျော်ရင်တော့ အားလုံးကောင်းသွားပါပြီ။ အစာ အေးတာနဲ့ ခပ်ပျော့ပျော့ကို ခလေးကြိုက်ရာ ဘာမဆို ကျွေးနိုင်ကြောင်းပြောပါသည်။ ၆ပါတ်ကျော်ရင်တော့ အားလုံးပုံမှန်ဖြစ်သွားပါပြီ...ဟု ရှင်းပြပါသည်။
ကျမက သတိတရဖြင့် ခလေးပါးစပ်က အနံ့ ရကြောင်းပြောပြတော့ .. ဒီလိုခွဲရင် အနာနံ့ ထွက်တတ် ပါတယ်။ မကြာခင်ပျောက်သွားပါလိမ့်မယ်... ပြောတော့ စိတ်အေးရပါသည်။
ထုံးစံအတိုင်းကော်ဖီသောက်ပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ကြပါသည်။
+ + +
၁၅.၆.၁၁ရက်နေ့ ညရောက်တော့ လငပုတ်ဖမ်းတာကို သားလေးပါ မအိပ်နိုင်ပဲ ထွက်ကြည့်ကြပါသည်။ သားလေးလည်း အားလုံးနီးပါး ပုံမှန်ဖြစ်နေပါပြီ။ တချို့ ညများမှာတော့ ဆေးများအားလုံးကို လည်း ရပ်လိုက်ပြီမို့ ညမအိပ်ခင် နာသည်ထင့် အနည်းငယ် အီချင်သဖြင့် သားအကြိုက် ကားများကို လိုက်ပြပေးရပါသည်။
မြို့ လယ်လမ်းဘေးတလျှောက်က ကားအရောင်းပြခန်းများရှေ့မှ ကားမောင်းပို့ ပေးဖြစ်ပါသည်။ သားက သူ့ အကြိုက်ကားများတွေ့ ပါက .. မေမေရေ ဟို ကားဝယ်မှာနော်...သားသား ဓါတ်ပုံရိုက်ထားမယ်နော်..ဒီမှာ ရိုက်ပြီးပြီ အိတ်ထဲထည့်ထားမယ်နော်... ဖြင့် သူ့ လက်နဲ့ သူ ဓါတ်ပုံရိုက်၊သူ့ လက်ဖ၀ါးနှစ်ဖက်ကို ကျမဘက် လှည့်ပြရင်း သူရိုက်ထားသည့် ဓါတ်ပုံကိုပြလိုက်၊ပြီးကျ သူ့ အကျီ င်္အိတ်ထဲ လက်ထိုးထည့်ဖြင့် သဘောတွေကျနေတတ်ပါသည်။ နာကျင်မှုတွေကိုလည်း မေ့ပျောက်သက်သာစေပါသည်။
အသံလေးလည်း ၂လကြာ မစောင့်ရပဲ ကြည်လင်စပြုနေပါပြီ။ ထမင်းပျော့ပျော့လည်း စစားနိုင်ပါပြီ။ အစားအစာတွေ ပူသည်က သူ့ အနာကို ပိုမိုဆိုးစေသည်ကို သိသည်ထင့် သူကိုယ်တိုင်က သူ့ လက်ဖြင့် အကြိမ်ကြိမ်စမ်းပြီးမှသာ ... အေးတွားပြီနော် စားလို့ ရပြီနော်... ဆိုကာ စားတတ်ပါသည်။
ကျမတို့ တွေ သူ့ ပါးစပ်အတွင်း ဘယ်လိုနေလဲ သိချင်ကြပေမဲ့ မကြည့်ဖြစ်ခဲ့ကြပါ။ တော်ကြာ သူ့ မှာ တစ်ခုခု ထူးခြားနေသည်ကို အသိအမှတ်ပြုပေးသလို ဖြစ်ပြီး စိတ်ထဲ တစ်ခုခုစွဲသွားမှာ စိုးသောကြောင့်ပင်။ သိချင်လျှက်က မသိချင်ယောင်သာ ဆောင်ခဲ့ကြရပါသည်။ နောက် အားလုံး ပုံမှန်ဖြစ်ခါမှပင် ကြည့်ဖို့ ဆုံးဖြတ်ထားပါသည်။
၁၀ ရက်ကျော်အတွင်းမှာပင် ဟိုးအရင်ကလိုလည်း ဆော့နိုင် ကစားနိုင် ပါပြီ။ အားလုံးပုံမှန်ဖြစ်နေပါပြီ။ ကျမတို့ လည်း စိတ်အေးချမ်းရပါပြီ။ ပူပင်သောကတွေကင်းလို့ ပျော်ရွှင်ရပါပြီ။
နေ့ အချိန်တွေမှာတော့ သားလေးအကြိုက် အပေါ်တက် အောက်ဆင်း ကားရုပ်များဝယ်ပေးထားပြီး ဆော့နေခြင်းဖြင့် သူ့ ကို သက်သာစေတဲ့အတွက် သူ့ အကြိုက် အရုပ်များကိုပဲ ၀ယ်ပေးခဲ့ကြပါသည်။ သူ့ ကိုယ်ပေါ်က ကပ်ခွာရာများကေ၇ချိုးပေးရင်း ပွတ်တိုက်ပေးပါသော်လည်း မပျောက်သေးပါ။ရေချိုးပေးတိုင်း စမ်းစမ်းကြည့်ပြီး မျက်နှာက မဲ့မဲ့သွားတတ်သဖြင့် ဘန်တန်းလို ပါဝါတွေ ရအောင်…ဟု ပြောပေးရပါသည်။ ကျမမှာ တူနဲ့ သားတို့ ဘန်တန်းကားကြည့်တိုင်း မျက်စေ့နောက်ကာ မကြိုက်ခဲ့သမျှ ခုချိန်မှာ သား စိတ်ဖြေသက်သာရာရအောင် အားပေးစရာအကြောင်းရသဖြင့် ဘန်တန်းကိုပါ ကျေးဇူးတင်ရပါတော့သည်။
ညအိပ်ချိန်တွေကတော့ ကျမတို့ အတွက် စိတ်အချမ်းသာရဆုံး အချိန်များပါ။
ခွဲပြီးကတည်းက အိပ်ချိန်ရောက်ပါက ငြင်းဆန်နေမှုမရှိ အိပ်ဖို့ ပြင်ပါသည်။ မေမေသိပ်ပါ ဖေဖေသိပ်ပါ ရွေးမနေတတ်တော့ပါ။ ဖေဖေနဲ့ အိပ်နော် …ဆိုပါကလည်း အိပ်ပါသည်။ မေမေနဲ့ အိပ် ဒီည.. ဆိုလည်း မငြင်းပါ။ လက်မောင်းပေါ်ခေါင်းအုံးလို့ ခဏအတွင်း အေးဆေးတည်ငြိမ်ချောမွေ့ စွာအိပ်ပျော်သွားတတ်ပါသည်။
ဟိုးအရင်ကလို လူးလိမ့်ဂျီကျနေစရာမလိုသလို အချိန်ပေးစရာမလိုတော့ပါ။ ခေါင်းချွေးများလည်း မထွက်သလို ပင်ပင်ပန်းပန်းပုံလည်း မရှိတော့ပါ။ တချို့ ညတွေများ အိပ်ပျော်သွားသည်ကို မသိလိုက်သဖြင့် သေချာကို ထကြည့်ရသည်ထိ ညင်သာချောမွေ့ စွာ အိပ်နိုင်သွားပါပြီ။ ပါးစပ်ကလေးပိတ်လို့ နှာခေါင်းလေးဖြင့်သာ ညင်သာစွာရှူလို့ ရနေပါပြီ။ သို့ အတွက် ရှေးယခင် ပါးစပ်ကလေးဖွင့်ရှူစဉ်ကဲ့သို့  မပင်ပန်းတော့သလို သွားရည်များလည်း မကျတော့ပါ။
ထိုအခါကျမှပင် …အော် ကျမတို့ မှာ အဆော့မက်လို့ အအိပ်ခက်တာပဲထင်ပြီး ဆူခဲ့ ငေါက်ခဲ့ အော်ခဲ့ ဟစ်ခဲ့ရတာတွေအတွက် စိတ်မကောင်းကြီးစွာ ဖြစ်ကြရပါတော့သည်။ လူးလိမ့်မောပန်းလို့ ချွေးတွေ ထွက်သည်ထင်ခဲ့ကြသည်က မှားနေမှန်းသိလိုက်ရပါသည်။ သားလေး အသက်ရှူရခက်သည်နှင့် ဆက်စပ်ပြီး ခေါင်းချွေးတွေ ထွက်ဖြင်းဖြစ်ပါလိမ့်မည်။
နှာစီးခြင်းလည်းမရှိတော့ပါ။ ခုများကျမှ အခြေအနေမှန်အားလုံးကို သိလိုက်ရပါတော့သည်။ သိလိုက်ရတော့ စိတ်မကောင်းဖြစ်ရ အသနားပိုရပါတော့သည်။ ကျမတို့ မှား ခဲ့ကြပါသည်။ ပြီးခဲ့သမျှတွေအတွက်တော့ မတတ်နိုင်တော့ပါ။ နောက်ကိုသာ ဘာမဆို စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ဆောင်ရွက်ဖို့ ကြိုးစားရပါတော့မည်။
သားလေး၏ အဖြစ်အပျက်အပေါ်က သားအတွက်သာမက ကျမတို့ ရှေ့ရှောက်တွေ့ ရမည့် ဘာအတွက်မဆို ပါ အရာရာကို အလွယ် မဆုံးဖြတ်ပဲ ချင့်ချိန်တတ်ဖို့ သင်ခန်းစာရသွားပါသည်။ အဆိုးထဲက အကောင်းလို့ ပဲ ဆိုရပါလိမ့်မည်။
+ + +
အားလုံးပြီးဆုံးကောင်းမွန်သွားပါမှ အစအဆုံးပြန်လည် စဉ်းစားပြောဖြစ်ကြပြန်ပါသည်။ နှာစီးခြင်းဆိုးဆိုးဝါးဝါးမဖြစ်ခဲ့တာ၊ ချောင်းဆိုးတာ၊ နားအူတာ၊လည်ချောင်းနာတာ၊ ရေရှည်ဖျားတာမျိုးမရှိခဲ့တာ။ သားလေးဘာမှ ဆိုးဆိုးရွားရွားမခံစားခဲ့ရခင် အချိန်စောစွာ သိခဲ့ ခွဲခဲ့ရသည့်အတွက် ကံကောင်းခဲ့သည် ထင်ပါသည်။ ဘာ ဘေးဆိုးကျိုးမှ မရှိခဲ့ သလို ခွဲစိတ်မှုလည်း အဆင်ပြေချောမွေ့ ခဲ့သဖြင့် အားလုံးကို ကျေးဇူးတင်ရပါသည်။
အသံလေးလည်း ပြန်လည်ကြည်လင်လာကာမှ သားအဖေက ပြောပြလာပါသည်။ တကယ်လို့ များ ခွဲတာအဆင်မပြေခဲ့ပါက အသံက ပုံမှန်ပြန်မရတော့သဖြင့် ထပ်မံခွဲစိတ်ပြုပြင်မှုလုပ်တတ်ရပါသည်တဲ့။ တစ်ခါ ခွဲသည်က အဆင်မပြေပါက အမြစ်ကျန်သလို ဖြစ်ကာ ပြန်ပြန် နာတတ်ပြန်ပါသည်တဲ့။ ကျမမှာ ဘုရားသာ တမိတော့သလို ကံကောင်းလိုက်လေခြင်းဟုသာ ရွတ်နေရပါသည်။ ဖြစ်တတ်သည့် အနာရှိန်တက်ဖျား နာခြင်းမရှိ၊ သွေးထွက်မှုမရှိ၊ သွေးအန်မှုတို့ လည်း မရှိခဲ့သဖြင့် အလွန်တစ်ရာမှ ကံကောင်းလှသည် ထင်ပါသည်။
ကျမကိုယ်တိုင် တတိယနှစ်ကျောင်းတက်စဉ်က အံသွား၃ချောင်းလုံး ကန့် လန့် ပေါက်နေသဖြင့် ခွဲထုတ် ပြန်ချုပ်လုပ်ဖူးခဲ့ပါသည်။ ဘယ်လောက်ထိ ခံ၇ခက်တာ နာကျင်တာကို ခံစားဖူးသူပီပီ သားလေးဘယ်လောက်ထိ ခံစားနာကျင်ရမည်ကို သိနေပါသည်။ မိဘများ ပြောစကားနားထောင်ပြီး သူ့ ကောင်းဖို့ အတွက် ကြိတ်မှိတ်သီးခံခဲ့သည်ကို ကျေးဇူးတင်ရင်း သနားနေမိရပါသည်။
ယောင်းမကလည်း ဂျီတော့ကနေ ပြောကြတိုင်း.. သားလေးတော့နာမှာနော်။ကိုယ်တွေ ပါးစပ်ထဲ အနာသေးသေးလေးတွေ ပေါက်ရင်ကို စားရခက်၊ရေသောက်ရင်တောင် စပ်နဲ့ ။ ခလေးက ခွဲတောင်ခွဲရတာဆိုတော့ ဘယ်လောက်တောင်နာနေမလဲ မသိဘူး…နဲ့ အဝေးကနေ ကိုယ်ချင်းစာကာ သနားနေပါသည်။ အိမ်က မိသားစုဝင်များကလည်း နေ့ ညမပြတ်ဆုတောင်းပေးနေကြကြောင်းလည်း သတင်းပေးတတ်ပါသည်။ မိသားစုဝင်များကိုတော့ အထူးပြောစရာမလိုအောင် သူတို့ ကျေးဇူးက နှိုင်းစရာမရှိပါ။
+ + +
ဆေးရုံမသွားခင်က သားလေးရှိခိုးနေသည်ကို ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်မှာ တင်ထားခဲ့ကြသေးသည်။ အဘူဒါဘီက ညီမက အားလုံးသိထားသူမို့ သားအတွက် ကျမတို့ အတွက် ဆုတောင်းပေးတော့ ကျန် သူငယ်ချင်းများကပါ မေးလာ ဆုတောင်းပေးလာကြပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ ထိုဆုတောင်းများကြောင့်လည်း သားလေး အမြန်သက်သာ ဘေးကင်းကွာပြီး အဆင်ပြေချောမွေ့ ခြင်းဖြစ်သည်လည်း ယုံကြည်ပါသည်။ ကျမတို့ သားလေး အတွက်ခုချိန်မှာ ၀မ်းသာနေရပြီး အသေးစိတ်ဂရုစိုက်ပေးကြသော ဆေးရုံမှ အားလုံးသော ၀န်ထမ်းများနှင့် သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်နေမိပါသည်။
+ + +
အော်ပါတယ်။ ကျယ်နိုင်သမျှကျယ်၊ ပါးစပ်ကို ဟနိုင်သမျှဟလို့ ။
ပြောပါတယ်။ မရပ်တမ်း မနားတမ်း တစ်နေကုန်။
ခုန်ပါတယ်၊ မြင့်နိုင်သမျှ အားကုန်ပါ။
ကျမတို့ ရဲ့ သားလေး အော်ဟစ် ဆူညံ လို့  ပျော်ရွှင်စွာ ခုန်ပေါက် ဆော့ကစား နေတာပါ ။
ဒီနေ့ ကတော့ ၁၇.၆.၁၁ သောကြာနေ့ ပါ။ သားလေး ဆေးကုမှုယူပြီးလို့ ၁၁ရက်မြောက်နေ့ ပါ။ ကျမတို့ နှစ်ယောက်လည်းပဲ သူလုပ်သမျှ သူပျော်သမျှ သူနဲ့ အတူ လိုက်ပျော်နေမိကြပါတယ်။ ပျော်နေကြပါသည် ကျမတို့ မိသားစု၃ယောက်.....................................။
၂.၈.၁၁ ၊ အင်္ဂါနေ့ 
မိသားစုအကြောင်းလေးကို အချိန်ပေး ဖတ်သူများကို ကျေးဇူးတင်ပါသည်။
ReplyDeleteသားကြီးလာတဲ့တစ်နေ့  သူ့ ငယ်ဘ၀တစ်စိတ်တစ်ပိုင်းကို ဖတ်၊ သိစေဖို့ ရည်ရွယ် ရေးဖြစ်ခဲ့တာပါ။
တကယ်ကို ဝမ်းသာစရာပါပဲ၊ မိဘတွေ အနေနဲ့ရော၊ သားလေး ကိုယ်တိုင်ပါ ဘယ်လောက်များ ပေါ့ပါး ပျော်ရွှင်နေကြမလဲလို့ ခံစားတွေးမိတယ်၊ နေ့စွဲတွေ အတိအကျနဲ့မို့ တချိန်မှာ ပြန်ဖတ်ဖြစ်တဲ့အခါ အဖိုးတန်မှာပါ...။
ReplyDeleteဟူး...အစစအဆင်ပြေချောမွေ့စွာပြီးဆုံးသွားပြီပေါ့လေ....၊ကျွန်တော်တို့လည်း
ReplyDeleteခုမှသက်ပြင်းချနိုင်တော့တယ်...၊ကလေးသနားပါတယ်ဗျနော်...၊ဘာပဲဖြစ်ဖြစ်
ပြန်မခွဲရတာတစ်ခုနဲ့တင် အတော်ကို ဝမ်းသာစရာပဲဗျနော်....၊တဂ်ပို့စ်လေး
ရေးပေးမယ်ဆိုလို့ ဝမ်းသာရင်းကျေးဇူးတင်နေမိပါတယ်.....:)))
ကျွန်မ ရဲ့  သားလေး က ရှစ်နှစ်ရှိပါပြီ တစ်လတစ်ခါ အာသီးရောင်ပြီးဖျားတာ ၂နှစ်ကျော်ကြာပါပြီ ENT ဆရာဝန်က အာသီးဖြတ်ဖို့  အကြံပေးပါတယ် ဒီစာလေးကိုဖတ်ရတော့  စာရေးသူမိဘများနှင့် ထပ်တူခံစားရပါတယ် စာထဲမှာပါတဲ့ သားလေးလည်း ကျန်းမာပျော်ရွှင်ပါစေ ။ ကျွန်မသားလေးက နွေရာသီကျောင်းပိတ်ရက်မှာ ခွဲဖြစ်မယ်ထင်ပါတယ် အမြစ်မပြတ်တာ အသံပြောင်းသွားတာ ပြန်ခွဲရတာတို့ ဖြစ်မှာ စိတ်ပူမိပါတယ် သားလေးခွဲခဲ့တာ ဘယ်ဆေးရုံလဲ သိချင်မိပါတယ် ကျေးဇူးတင်ပါတယ်ရှင့်karakatar@gmail.com
ReplyDelete