ဒီလိုနဲ့ ၃ရက်ကြာတော့ ဖုန်းသံမြည်လာရင်း သတင်းပေးပါသည်။ တစ်ခုခုပုံမှန်မဟုတ်တာတွေ့ ရတဲ့အတွက် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နဲ့ တွေ့ ဖို့ ပါ။ သေချာသည့် အဖြေကို သိရပါပြီ။ သားလေး တစ်ခုခုခံစားနေရတာ သေချာသွားပါပြီ။ ဒီတော့ တခါ မကြီးကျယ်ဖို့ ဆုတောင်းနေရပြန်ပါသည်။
နား၊နှာခေါင်းနဲ့ လည်ချောင်းဆရာဝန်နဲ့ တွေ့ ဖို့ ရက်ချိန်းက ၁.၅.၁၁ရက်နေ့ မှ ရပါသည်။ တဖန်စောင့်ရပြန်ပါသည်။ မောရပြန်ပါသည်။ ကျမတို့ ၂ယောက်မှာ ဘာမှန်းမသိရသေးသည့် သေချာနေမှုတစ်ခုကို မှန်းဆတွေးရင်း စိတ်တွေလေးလံနေပါတော့သည်။
သားရဲ့ အဖေက သူ့ ရုံးမှာသူ့ ဘော့စ်ကို သားအကြောင်းပြောပြတော့ သူ့ သမီးတုံးကလည်း ဖြစ်ခဲ့ဘူးကြောင်းပြောပြပါတယ် ။ အိပ်ချိန်မှာ လေအေးပေးစက် နဲ့ တည့်တည့်လို ဖြစ်ပြီး နှာစီးလာတာဖြစ်ကြောင်းနဲ့  ညအိပ်ချိန်ကျ အဲဒါကို သတိထားကြည့်ဖို့ ပြောလာပါသည်။ သားအဖေ ရုံးက ပြန်လာတော့ ပြန်ပြောပြရင်း အင်း..ဒါလည်းဖြစ်နိုင်တာပဲ ဆိုတာထက် ခုတလော နှာပါ စီးလာတော့ ဒါကြောင့် ဖြစ်ပါစေ ဆုတောင်းရင်း ညအိပ်ချိန်ကို စောင့်ခဲ့ကြပါသည်။
( သားအဖေရဲ့ ဘော့စ်သည် အင်္ဂလိပ်လူမျိုး ခလေး၂ယောက်အဖေဖြစ်ပြီး သူ့ ခလေးများကို အလွန်ချစ် အလွန်ဂရုစိုက်တတ်သူလည်းဖြစ်ပါသည်။ ထို့ ပြင် ကျမတို့ သားလေးကိုပါ အမြဲမပြတ် ကြုံတိုင်း သတင်းမေးတတ်သလို ခရစ်စမတ်လိုနေ့ မျိုးမှာလည်း လက်ဆောင်လေးတွေ သတိတရ ပေးတတ်သူပါ။ ဒီတခါမှမဟုတ်ပါ။ မွေးကင်းစကတည်းက တခုခုဆို သူ့ ကိုသာ မေးတတ် တိုင်ပင်ခဲ့တာပါ။မေးတိုင်းလည်း သူသား၊ သမီးတို့ နဲ့ ယှဉ်လို့ အမြဲတမ်း အကြံကောင်းပေးတတ်ပါသည်။ သူမသိခဲ့ပါက သူ့ အမျိုးသမီးဆီ ဖုန်းဆက်ပြီး တဆင့်ပြန်မေးတတ်၏။ သူ့ အမျိုးသမီးပါ မသိပါက သူ၏ မိတ်ဆွေမိဘများဆီထိ မေးပေးကာ လိုအပ်သမျှ ကူညီတတ်သူတွေပါ။ သူတို့ ကို ကျေးဇူးအထူးတင်ရပါသည်။)
ကျမတို့ လည်း ညရောက်ချိန်ကျ စိတ်စောနေမိပါသည်။ ခေါင်းအလှည့် အိပ်သည့် ပုံစံပြောင်းရင်း ၂ညတာ စောင့်ကြည့်ခဲ့ပါသည်။ သိတ်ထူးခြားမှုမရှိပါ။ နှာစီးမြဲ အသက်ရှူသံပြင်းဆဲသာပင်။ စိုးရိန်လာပြန်ပါသည်။
ကျမတို့ တွေ အလုပ်ရှုပ်နေစဉ် သားလေးကတော့ ပုံမှန်ကြီးထွားကာ တဖြည်းဖြည်း လူကြီးလေးလို ဖြစ်ဖြစ်လာပါပြီ။ ပြောသမျှနားလည်သလို ပြန်ပြောတတ်နေပါပြီ။ လူကြီးတွေ ပြောသမျှ စကားတွေကို မှတ်ထားကာ သင့်သလို သုံးလို့ အချက်ကျကျ ပြန်လည်ဖြေကြားပြောတတ်နေပါပြီ။ အဖေ၊အမေသွန်သင်သမျှ နားလည်သဘောပေါက် လက်ခံ ကျင့်သုံးတတ်နေပါပြီ။ ကျမတို့ ဝမ်းသာရပါသည်။ သားလေးရဲ့ ပုံမှန်ကြီးထွားမှုနဲ့  ဦးနှောက်ဖွံ့ ဖြိုးတိုးတက်မှုတို့ ကို အဟန့် အတားမဖြစ်စေတဲ့အတွက်ပါ။ ရောဂါ အခြေအနေ မဆိုးလှပါဘူးဟု စိတ်ချနေမိရပါသည်။
+ + +
ဒီလိုနဲ့ ပဲ ၁.၅.၁၁ ရက်နေ့ ကို ရောက်လာပါတော့သည်။ ရင်တထိတ်ထိတ်ခုန်လို့ ဆေးရုံသို့ ထွက်လာခဲ့ကြပါသည်။ သားလေးကတော့ ဘာရယ်မဟုတ်..အပြင်သွားရမယ် ဆိုတာနဲ့ ဆူညံစွာ ပျော်နေပါသည်။
ဆေးရုံအနီး လမ်းအကွေ့ မီးပွိုင့်မှာ မီးနီမိလို့ စောင့်နေရင်း သားက ဆေးရုံဆီ လက်ညှိုးထိုးကာ.. ဟိုး..ကိုသွားမှာနော်..နဲ့ ဆေးရုံကို မှတ်မိသလို ပြောနေပါသေးသည်။ ကျမက သားအဖေကို..အော် လို့ .သူကတော့ မသိရှာတော့ ရောက်ဘူးတဲ့နေရာ သူသိတဲ့နေရာ ၀မ်းသာအားရ ပြောပြနေရှာတာ။
တကယ်လို့ ဆေးရုံလို့ သူသိရင်တော့ ပြောရှာမှာ မဟုတ်ဘူး..လို့ ပြောလိုက်မိပါသည်။ ကျမမှာတော့ ဒီဆေးရုံနဲ့ ရင်းနှီးခဲ့တာ ၂၀၀၄ကတည်းကဆိုတော့ ၇ နှစ်နီးပါးရှိနေပေမဲ့ ဆေးရုံသံကြားတာနဲ့ သွေးတက်တုန်း၊ ကြောက်လန့် တုန်းပင်။ သားလေးငယ်ငယ် မသိတတ်သေးတာပင် ကံကောင်းသလိုပါပင်။
ဆေးရုံဝင်းထဲဝင် ကားထားရာ အဆောက်အဦးဆီိသွားတော့ မြေညီထပ် နေရာမရှိ၊ ပထမထပ် မရှိ၊ ဒုတိယ.. တတိယမရှိ၊ ၄ထပ်မြောက်မှ တနေရာစာ တွေ့ ရတော့သည်။ တထပ်ပြီးတထပ်တက်ရင်း စဉ်းစားနေမိသည်။ မစည်ကားအပ်ရာ ဆေးရုံလိုနေရာမှာပင် တနေရာစာအလပ်မရှိ ကားတွေပြည့်နေတာ...အော်လို့ ..မကျန်းမာသူတွေ ပေါများနေလိုက်တာ။
ကိုယ်တွေ တော်တော်ကံကောင်းတာပါလားနော်...လို့ လည်းအတွေးရောက်မိသည် ။ကိုယ်တွေ ၇ နှစ်တာ လာခဲ့ရသည်က ဆိုးရွားလှသည့် ရောဂါကြောင့်မဟုတ် ။ တိုးလာလိုက်သည့် ဆေးရုံအဆောက်အဦးတွေ..တစ်ခုက နှစ်ခု။အခု နောက်ဆုံး ၃ခုမြောက်က အမြင့်ဆုံးနဲ့ အကြီးဆုံး။ တကယ်ကိုပင် လူတွေ တနေ့ တနေ့ ပို ပို မကျန်းမာလာကြသည့် သဘောပင်။ မနက်ရှိခိုး. ညရှိခိုးစဉ် အားလုံးကျန်းမာကြပါစေလို့ ဆုတောင်း ပေးဖြစ်တာလည်း ကြာခဲ့ပါပြီ။
နား၊နှာခေါင်းနဲ့ လည်ချောင်းဌာနရောက်တော့ မိမိတို့ ရောက်ကြောင်း စာရင်းပေးအပြီး စောင့်နေရသေးသည်။ သားကတော့ ခလေးကစားခန်းတွေ့ တာနဲ့ အပြေးသွားလို့ ဆော့နေတော့သည်။ စောင့်ရသည့် ၁၅မိနစ်သည် ရှည်လွန်းလှပေသည်။ ကျမတို့ နှစ်ယောက်ခေါင်းထဲမှာတော့ အတွေးကိုယ်စီ။ သိချင်စိတ်ကိုယ်စီ..။
နာ့စ်ထွက်လာပြီး သားအမည်ခေါ်တော့ စိတ်စောစွာ ချက်ချင်းထလို့ သူမနောက် လိုက်သွားမိကြသည်။ သားကို ကစားရာက ဆွဲခေါ်လာရလို့ ဒရွတ်တိုက် တွန်းထိုး တိုက်ထိုး..။ အခန်းထဲရောက်တော့ နာ့စ်က သိလိုသမျှမေး၊ သားရဲ့ လူနာမှတ်တမ်းထဲမှာ ဖြည့်..ခဏနေတော့ ဆရာဝန်လက်ထောက် ဆရာဝန်အငယ်လေးဝင်လာပြီး လိုအပ်တာ ထပ်မေး၊ ထပ်ဖြည့်..ပြီးကျ တစ်ခါ ဆရာဝန်ကြီးကို ထပ်စောင့်..ကြာလှပါဘိ..မောပါဘိ။
သားကတော့ ခလေးသဘာဝ အခန်းထဲက သူစိတ်ဝင်စားရာအားလုံးကို တို့ ကြည့်၊ ကိုင်ကြည့်နဲ့ ရသမျှ အခွင့်အရေးနဲ့ ကစားလို့ ။ကွန်ပြူတာ ကီးဘုတ် သွားနှိပ်လို့ မဆော့ဖို့ ပြောရသေးသည်။ သားက ကွန်ပြူတာဆို အကြိုက်။
တခဏအကြာမှာတော့ ဒေါက်ဒေါက်တံခါးခေါက်လို့ ဆရာဝန်ကြီးတံခါးဖွင့်ဝင်လာပါသည်။ ဂွတ်မောနင်းလို့ နှုတ်က ဆိုရင်း သူ့ အမည်ပြောလို့ လက်ပေးတော့ ကျမတို့ လည်း အမည်တွေပြောရင်း လက်ဆွဲနှုတ်ဆက်ရင်း သူက သားအကြောင်း ပြောပါတော့သည်။
ဓါတ်မှန်ထဲကအဖြေအရ တစ်ခုခုဖြစ်နေပါတယ်။ မိုင်နာပါ။ ခု သေချာအောင် နားကို စစ်ကြည့်လိုက်ပါအုံး...ဟု ဆိုလာပါသည်။ ဆရာမတစ်ယောက်လာခေါ်ရာနောက်လိုက်သွားတော့ နား ကြား မကြားစစ်ဆေးရာ ဌာနသို့ ရောက်သွားပါသည်။ ထို ဆရာမကပင် နားအကြားအာရုံကို နည်းမျိုးစုံ စက်မျိုးစုံဖြင့် စစ်ဆေးပေးပါသည်။ သူမက သား၏ ဆေးမှတ်တမ်းစာရွက်များကို ပြန်ကြည့်ရင်း မွေးကင်းစက စစ်ဆေးစဉ်ကလည်း ကောင်းပေမဲ့ ယခုတဖန် သေချာစေဖို့ ပြန်စစ်ပေး၇တာဖြေစ်ကြောင်း ရှင်းပြပါသည်။ ကျမတို့ ကိုယ်တိုင်လည်း အားလုံး သေချာချင်ပါသည်။ အားလုံးပုံမှန်အတိုင်း ကောင်းပါသည် အဖြေရကြတော့ တစ်ခါ ခုနက အခန်းပြန်သွားပြီး နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ကြီးကို ပြန်စောင့်ရပြန်ပါသည်။
ဆရာဝန်နှင့်တွေ့ ရတော့ လိုရင်း တိုရှင်းစွာ ပင်။ စာရွက်တစ်ရွက်လှမ်းပေးရင်း..သူ့ အနေနဲ့ ကတော့ Tonsillectory လုပ်ဖို့ အကြံပေးချင်ပါတယ်..ဟုပင်။ ကျမက စာရွက်လှမ်းယူပြီး အကြမ်းဖတ်ကြည့်လိုက်ပါသည်။ tonsils & adenoids ခွဲစိတ်ရသည့်အကြောင်းနှင့် ကြာပါက ခံစားလာရမည့် နောက်ဆက်တွဲ ဆိုးကျိုးများပင်။ ကျမ ချက်ချင်း အသိဝင်လာပါသည်။ သားလေး ခွဲရ စိတ်ရတော့မည်..ဟုပင်။
ထို့ နောက် ဆရာဝန်က..၆လသားအရွယ်ဆိုရင်တောင် ခုလိုမျိုးအခြေအနေမှာ ဖြတ်ရပါသည်။ ခလေးအတွက် အကောင်းဆုံးပါတဲ့။ tonsils & adenoids ကြီးနေတာနဲ့ ပါတ်သတ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရှင်းပြပါသည်။
Tonsils က လည်ချောင်းနောက်မှာ ရှိပြီး adenoids ကတော့ နှာခေါင်းနောက်မှာရှိပါတယ်။ ရှိသင့်သည့်အရွယ်ထက်ကြီးနေပါ အစာမျိုရတာ အသက်ရှုရတာ ခက်သလို အသက်ရှူစဉ်အတွင်းလည်း တစ်ခါတရံ အသက်ရှူရပ်တတ်ပါသတဲ့။ အဓိက က ညအိပ်ချိန်များမှာ အသက်ရှုရပ်ပြီး လန့် နိုးတတ်ပါတယ်။ ကုသမှုမယူပါက ကြာလာလျှင် နှလုံးနှင့် အဆုတ်တို့ ကိုပါ ထိခိုက်နိုင်ပါသည်တဲ့။ ...ဟု ရှင်းပြရင်း ..မိုင်နာပါ။ မစိုးရိမ်ပါနဲ့ ..လို့ ပြောကာ သူ့ စကားကို အဆုံးသတ်ပါသည်။
သို့ ဖြင့် ခွဲစိတ် (tonsils & adenoids တို့ ကို ဖြတ်ပစ် ) ဖို့ မှ တစ်ပါး တစ်ခြားနည်းလမ်းမရှိတော့ပါ။ ဆေးထိုး ဆေးသောက်နဲ့ တင် မလုံလောက်တော့ပါ။ ကဲ..ဒီတော့..ခွဲပါဆိုတော့ ခွဲရုံပေါ့..ဟုသာ ပြောချင်ပါတော့သည်။ ကျမတို့ ကို နှုတ်ဆက်ကာ ဆရာဝန်ထွက်သွားတော့ ကျမတို့ လည်း အခန်းထဲက ထွက်ခဲ့ကြပါသည်။ စိတ်တွေ လေးပင်စွာဖြင့်..။
ငွေရှင်းကောင်တာရောက်တော့ ခွဲစိတ်ခ မည်မျှလောက်ကျမလဲ..ဟု မေးကြည့်စဉ် သူတို့ တွေ အတိအကျမသိကြောင်းနဲ့ ငွေစာရင်းဌာနကိုမေးကြည့်ပေးပါမည်၊ ခဏစောင့်ပါ..ဟုဖြေပါသည်။ ကျမတို့ သောက်နေကျ ကော်ဖီဆိုင်မှာ ထိုင်စောင့်ရင်း တွေးနေကြပါသည်။ဘာကို တွေးမှန်းမသိပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောနိုင်ပဲ ငိုင်တွေ နေပါသည်။ သားကတော့ ဆေးခန်းထဲမှ ထွက်လာရသဖြင့် လွတ်လပ်ပေါ့ပါးစွာ ပျော်နေပါပြီ။ ကော်ဖီများလည်း အေးစက်နေပါပြီ။
နာရီဝက်ခန့် ကြာတော့ သားအဖေ ထွက်သွားကာ ငွေစာရင်းစာရွက် သွားယူပါသည်။ ကျမ ဆရာဝန်ပေးလိုက်သော သားရောဂါနဲ့ ပါတ်သတ်သည့် အကြောင်းကို တစ်ခါ သေချာပြန်ဖတ်ကြည့် လိုက်ပါသည်။
ခွဲပြီးပါက တစ်ပါတ် ၁၀ရက် လောက်ခွဲရှိန်ကြောင့် အဖျားရှိနိုင်ကြောင်း၊ သုံး လေးရက်လောက်ကတော့ နာနိုင်ကြောင်း၊ ခွဲပြီး ရှစ်ရက်နဲ့ ဆယ်ရက်ကြားက အသားနုတက်ချိန်မို့ အစားကျွေးတာ အထူးဂရုစိုက်သင့်ကြောင်း၊ အစာမာပါက အနာကို ထိမိပြီး သွေးထွက်ကာ အနာပြန်ဖြစ်တတ်ကြောင်း၊ အအေးစာကိုသာ အဓိကထားကျွေးသင့်ကြောင်း၊ တစ်ခါတစ်ရံ သွေးထွက် သွေးအန်တတ်ကြောင်းနဲ့ ရှားရှားပါပါးသာဖြစ်ကြောင်း၊ ဖြစ်ခဲ့ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြန်ပြသင့်ကြောင်း အကြောင်းစုံ ရေးပြထားပါသည်။ ၂ပါတ်ကျော်လျှင်တော့ ပုံမှန်နီးပါးဖြစ်ပြီ ဆိုထားပါသဖြင့် ၂ပါတ်ကျော်ထိတော့ အထူးဂရုစိုက်ရပါလိမ့်မည်။ ၆ပါတ်ကျော်မှသာလျှင် နဂိုနေအတိုင်းပြန်ဖြစ်ပါလိမ့်မည်တဲ့။
ကျမ ဖတ်ပြီးတော့ သားအဖေ ၀င်လာမည့် အပေါက်ဝကို မျှော်ရင်း မောနေပါသည်။ သူ့ အဖေမျက်နှာပေါ်လာတော့ ကျမ နဲနဲရိပ်မိလိုက်ပါသည်။
ထိုင်ခုံမှာ ပြန်ထိုင်ရင်း ကျမဆီ စာရွက်လှမ်းပေးပါသည်။ ယူလိုက်ပါသည်။ စုစုပေါင်းနေရာကို ကျော်ကြည့်လိုက်ပါသည်။ ထင်သည့် အတိုင်းပါပင်။
ကျမနဲ့ သားအဖေတို့ တစ်ယောက်ကို တစ်ယောက်ကြည့်မိတော့ သားအဖေကစလို့ ... ကဲ..လုပ်စရာရှိတာလုပ်ကြဖို့ ပဲ။ ခလေးအတွက် ကျန်းမာရေးအတွက်..။
ကျမတို့ ငွေရှင်းပြီး ကော်ဖီဆိုင်ကထ ပြန်ခဲ့ကြပါသည်။ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းလို့ ..။
ပြန်ရာ လမ်းတလျှောက် စကားမဆိုဖြစ်ကြပါ။ ကိုယ်စီတွေးလို့ .. ဘာရယ်တော့ မဟုတ်ပါ။ တောင်စဉ်ရေမရ တောင်ရောက် မြောက်ရောက်...။ တချက် တချက် သားမေးတာ ဖြေလို့ ၊ တခါတခါကျ သား လက်ညှိုးထိုးပြပြီး ၀ယ်မယ်ပြောတဲ့ ကားကို ကြည့်လို့ အင်းအင်း..၀ယ် ၀ယ် သားသားကြိုက်ရင်ဝယ်...လို့ ပြန်ဖြေလို့ ...
ဒီလိုနဲ့ အိမ်ပြန်ရောက်လာပါတော့သည်။
ဆရာဝန်က မိုင်နာကေ့စ်လို့ ပြောပေမယ့်လည်း မိဘအနေနဲ့ကတော့ စိတ်ပူမှာ အမှန်ပါပဲ၊ သားနဲ့ အသက်သိပ် မကွာလို့ ရင်မောစရာတွေကို ခံစား လို့ရတယ်...။
ReplyDeleteအင်း....တကယ့်ရင်မောစရာပဲဗျနော်...၊ကလေးအတွကိပူရ၊ခွဲစိတ်ကုသခအ
ReplyDeleteတွက်ပူရ....ဟူး......
စိတ်မောရတယ်နော်..။
ReplyDeleteအတော်ကုန်သွားမှာပဲ..။
ဘယ်လောက်လောက်ကုန်သွားလဲ..။
(အဆင်ပြေမှ ဖြေပေးပါ)
အမေ့သူငယ်ချင်းတယောက်ဒီကိုလာလည်တာ..
တညက နေမကောင်းဖြစ်လို့ emergencyသွားလိုက်တာ..
ဒေါ်လာ၂၀၀ကျော် ရှောသွားတယ်..။
ဒီက ကျန်းမာရေး အာမခံရှိထားရင် ဒေါ်လာ၂၀ကျော်လောက်ပဲ ကျမှာ..။
emergency ကိုနော်..။
ရိုးရိုးဆို ၅ကျပ်လောက်ပဲ ထင်တယ်..။