Saturday, December 17, 2011
အတွေးများစွာဖြင့်..
နောက်တနေ့တော့ မိထ္တီလာကို သွားကြပါတယ်။
အမေ့အိမ်အပြန်ခရီးဆိုပါတော့ဗျာ။ ပျော်စရာကောင်းတဲ့ မျှော်လင့်ချက်တွေကတလှည့် စိတ်ရဲ့ ထောင့်တနေရာက ဟိုတွေးဒီတွေး တွေးပူရင်း ပေါ်လာတတ်တဲ့ ဟိုလိုမမြင်ရပါစေနဲ့ ဒီလိုမမြင်ရပါစေနဲ့ဆိုတဲ့ မမျှော်လင့်မှူ့တွေကတလှည့် နဲ့..
အိမ်ကတော့ ကွန်ကရစ် လမ်းအသစ်ကနေသွားကြည့်ပါ့လားတိုက်တွန်းပေမဲ့ မသွားလို။ သိနေ ရင်းနှီးနေပြီးသား လမ်းပဲ ကောင်းမည်ထင်သည်။ စိမ်းစိုလှပနေသော လမ်း...
ကျောက်ဆည်တ၀ိုက်နဲ့ ကူမဲအနီးအနားဟာ ဆည်ရေရလို့ လမ်းဘေးတွေမှာ စပါးခင်းတွေ။
တလမ်းလုံးလဲ ရင့်မည့်နေတဲ့ စပါးခင်းတွေရယ်၊ မှည့်လုလု စပါးခင်းတွေရယ်က မျက်စိတဆုံး။
တနေရာမှာ ရိတ်ပြီးတော့ တဆက်ထည်း ခြွေလှေ့ပြီးပုံထားတာကိုလဲ တွေ့ရပါတယ်။ သူတို့အတွက်တော့ အချိန်အခါမဲ့ မိုးသားတွေတက်လာရင် ရင်ပူလာရစေသော အချိန်တွေ ကုန်ဆုံးလုနေပြီပေါ့။
အဲဒီ့ဆည်ရေသောက်လယ်မြေတွေလွန်လာတော့ ယာမြေတွေ။ ဆောင်းသီးနှံတွေစိုက်ဖို့ ပြင်နေကြပြီ။ တလောက မိုးဆက်တိုက်ရွာထားခဲ့တော့ ထွန်ပြီး ပျိုးကြဲဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆန္ဒတွေရယ် မျှော်လင့်ချက်ပေါင်းများစွာရယ်နဲ့ တာစထွက်ကြပြီ။
အိမ်ရောက်လို့ ကျွန်တော်တို့ကိုလဲမြင်ရော.. အမေ့မျက်နှာက ပြုံးလို့.. သူ့ကုလားထိုင်နံဘေးမှ ခရေပန်းပွင့် အကြွေလေးတွေကလဲ မွှေးလို့…
5 comments:
  1. အိမ်အပြန်ပုံလေးတွေ ကြည့်ပြီး အိမ်တောင်လွမ်းသွားပြီ။
    စိမ်းစိမ်းစိုစိုနဲ့ စပါးခင်းကြီးတွေ လှဒယ်:)
    ReplyDelete
  2. အမေ ပြုံးနေတဲ့ မျက်နှာကို မြင်ရောင်ကြည့်ပြီး ရောပျော်သွားတယ်၊
    ရူခင်းတွေ သိပ်လှတာပဲ၊
    စပါးခင်းရနံ့တွေလည်း သိပ်မွှေးမှာပဲ။
    ReplyDelete
  3. ခရေပန်းရနံလည်း ရလိုက်သလိုပါပဲ၊
    သနပ်ခါးရနံ့ရော၊
    (ကွန်မန့်က အခုမှ ရေးလို့ရတယ်)
    ReplyDelete
  4. ရေးတတ်လိုက်တာ ကိုN/A…
    ဒီပို့စ်လေးက တကယ့်ကို အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေး လွမ်းသွားတယ်…
    ReplyDelete
  5. ညယံ
    ကျေးဇူးတင်ပါတယ်ဗျာ..
    အပြုံးပန်း..
    အမည်မဖေါ်ပဲ နှစ်သိမ့်ပေးခဲ့သူကိုလဲ ကျေးဇူးတင်ပါတယ်..
    N/A
    ReplyDelete