Wednesday, January 11, 2012

ဈေးပွဲတော် ၃

ဒါကတော့ အာဖရိက ဈေးရုံလေးပါပဲ။



အ၀င်ဝမှာ တစ်ယောက်က အရုပ်တခု လုပ်ပြနေတယ်။ အောက်က အတိုအစပုံ ကိုကြည့်ရတာ အတော်ပြီးနေပြီးသားကိုမှ အချောသပ်နေတာဖြစ်ပုံရပါတယ်။



အထဲမှာတော့ များသောအားဖြင့် အရုပ်တွေ။ ( ဒီလူက ရုပ်ရှင်မင်းသားတယောက်နဲ့ တူတယ်ထင်တယ် )






အစွယ်တွေ ထင်လိုက်မိသေးတယ်။ နောက်မှ ဒီလိုထားတဲ့ပုံထောက်တော့ အစွယ်အစစ် မဟုတ်လောက်ပါဘူးလေ ဆိုတဲ့ အတွေးဝင်လာမိတယ်။ အဲ့ဒီ့အတွေးနဲ့တင် ကျေနပ်ပြီး စေ့စေ့စပ်စပ် မကြည့်ခဲ့တော့ဘူး။




နောက်တနေရာက ယီမန်..
အထဲမှာ ဟင်းခပ်အမွှေးအကြိုင်တွေ အားရပါးရ ရောင်းနေတာ တွေ့ပါတယ်။ သူတို့ ရိုးရာဝတ်စုံကိုက ကျွတ်ဆင်ကြီး၊ ခါးကြားမြှ ဓါးကောက်ထိုးလျှက် …






ပျားရည်တွေ့လို့ စပ်စုမိပါတယ်။ အတော်ဈေးချိုတာပဲ။ ပျားရိုင်းတွေဆီက ရတယ်ဆိုပါတယ်။ အရသာ မြည်းလို့လဲရတယ်။ ၇၀ မီလီမီတာလောက် ဘူးဝိုင်း ( အဖုံးပါ အပါအ၀င် ၈၀ မီလီမီတာခန့်အမြင့် ) တဗူးအပြည့်မှ ၂၀ တဲ့ ( ဒေါ်လာ= ၂၀/ ၃.၆၈ )




နောက် ဗီယက်နမ်.. အ၀င်ပေါက်ဘေးမှာ သီးသန့် ရိုးရာ တူရိယာ ဖျော်ဖြေပွဲလေးနဲ့။ တယောလို သံရယ်၊ ၀ါးပတ္တလားသံရယ်၊ ပလွေရယ်သံရယ် ပေါင်းထားတဲ့ အသံလို့ပဲ ပြောပါတော့။




ကြည့်နေဆဲမှာ ကျွန်တော် မအီမသာဖြစ်လာတယ်၊ နောက် နေရထိုင်ရ ပိုခက်လာတယ်။ အသက်ကလေးက ရလာပြီလေ..။ ကြာရင် ပိုဆိုးလာမယ် သိလို့ ပြန်ဖို့ စိတ်ကူးရတော့တယ်။ နောက်ထပ်သွားဖြစ်မှပဲ ကျန်တဲ့ နိုင်ငံတွေက ဆိုင်တွေအကြောင်း အသေးစိတ်ထပ်ရေးပါ့မယ်။

ဂိတ်ကနေ အပြင်လှမ်းထွက်လိုက်တော့ စိတ်ထဲ မကောင်းဖြစ်သွားသေးတယ်။ ဂိတ်ကြေးတဆယ် ဒီမှာတင် ဆုံးသွားပြီလေ..

2 comments:

  1. စိတ်ဝင်စားစရာပါ၊
    ပစ္စည်းတွေ အစုံပဲ။
    ဗီယက်နမ်တီးလုံးကြောင့် မအီမသာ ဖြစ်သွားတာလား။

    ReplyDelete
  2. လာလည်ပြီးတော့ ဓါတ်ပုံတွေ ကြည့်သွားတယ်...!member..လည်းဝင်သွားပါတယ်
    ဒူဘိုင်းမှာနေတာလား ကျွန်တော်လည်း ဒူဘိုင်းမှာနေတာပါ...!
    www.eainlwannthu.blogspot.com..လာလည်ဖို့ဖိတ်ခေါ်ပါတယ်...

    ReplyDelete