ခုတလော ကျမငယ်ငယ်
ဆယ့်သုံး - ဆယ့်လေးနှစ်အရွယ် ၁၉၈၀ ကျော်စ နှစ်များ လောက်က ကြားခဲ့ဘူးသော အဆိုတော် ဖြူသီရဲ့ သီချင်း တစ်ပိုင်းတစ်စက ကျမ ခေါင်းထဲသို့ တိုးဝှေ့လို
့ ရောက်ရောက်လာ၏။ ရောက်လာတိုင်းလဲ မချိတရိပြုံးမိ၏။ ပြုံးပြီးနောက်လည်း … အင်း ခု ငါကိုယ်တိုင်
ဆိုရတော့မဲ့ သီချင်းပါလား..လို့ လဲ တွေးမိ၏။ ဘာတဲ့…
“ မငယ်တော့ဘူးကွယ်
စစ်တော့ အသက်က ၄၀၊ လူတကာက မေးလာကြတော့ ဖြေမယ် အစိတ်လောက်ကွယ်။ အရေးအကြောင်းများ ရှိလာရင်
ဖုံးရ ဖိရသနော်…..”
+ + +
အမှန်ဆိုရပါလျှင်
ကျမသည် အလှအပနှင့် ဝေးသူတစ်ယောက်ဖြစ်ပါသည်။ အဓိကဖြစ်သည့် မျက်နှာကိုက မွေးရာပါ လှပလှသည်
မဟုတ်ပါ။ မွေးကတည်းက ၀၀တုတ်တုတ်၊ ပါးဖေါင်းဖေါင်း၊ မျက်ခုံးကွင်းကွင်း၊ မျက်လုံးဝိုင်းဝိုင်းကြီးများနှင့်ဟုသာ
ပြောတာ ကြားဘူးခဲ့ပါသည်။ “ အောင်မလေး ကြည့်ပါအုံး မွေးကတည်းက လှချက်တော်’ ဆိုတာထက်
“ ၀၀တုတ်တုတ် ပါးဖေါင်းဖေါင်းနဲ့ ” ဟူသော လူကြီးများ၏ ပြန်ပြောင်းပြောစကားတို့ ဖြင့်သာ
နားရည်ဝခဲ့ရသူ ဖြစ်ပါသည်။ ( ပါးဖောင်းတော့ ကြီးကျ ပါးရည် မတွန့် ဘူးပေါ့ သမီး ရဲ့ ဆိုသော အမေ့စကားကြောင့် ပါးဖေါင်းတာကို စိတ်မပျက်ပဲ
သဘောတွေကျလို့ ကြိုက်ခဲ့ရပါ၏။ ခု အသက် ၄၀ ကျော်သည်ထိ ပါးရည် မတွန့် သေး။ သို့ သော်
စောင့်တော့ ကြည့်ရပါအုန်းမည်။ )
ဆိုပါမူ
ကျမသည် မလှပါ။ သို့ သော် အလှဆိုသည်ကို သိနားလည်ပြီး စိတ်ဝင်စားမိဘူးပါသည်။ ကျမမှတ်မိသလောက်
၎ တန်းနှစ်( ၈ နှစ် ၊ ၉ နှစ် အရွယ် ) လောက်ကလို့ ထင်ပါသည်။ အများသူငါ ပြောသံကြားတော့
စိတ်ဝင်စားကာ ကျမကိုယ် ကျမ လှ၊ မလှ အလွန်သိချင်လာပါသည်။ သေချာသည်ကတော့ ထိုအချိန်ထိ
ကျမကို လှသည်ဟု မည်သူကမှ မပြောခဲ့ပါ။ ပြောသူမရှိ၊ မကြားဘူးပေမဲ့ လှ၊ မလှတော့ သိချင်မိ၏။
ဒီလိုနဲ
့ပင် ကျမ အရင်ဆုံးသတိရသည်က ကျမ အမေကို မေးကြည့်ဖို့ ပင်။ အဘယ်ကြောင့်ဆိုသော် ကျမ သူငယ်ချင်းများကို
သူတို့ အမေများက “ဘယ်လိုလေး လှတာ၊ ဘာလေးလုပ်လိုက် ၊ ဒါမှ လှသွားအောင်” လို့ ဟု ကြည်ကြည်နူးနူး
ပြောဆိုပြီး ကလစ်လေးတွေ၊ ပန်းလေးတွေ ပန်ပေးနေတာမျိုး တွေ့ ဖူးသဖြင့် ကျမ အမေဆိုလျှင်လည်း
ကျမကို “ဘယ်လိုလေး၊ ဘာညာ” ပြောလိမ့်မည်ဟု ထင်ခဲ့ပါသည်။
( အမှန်ပြောရပါက “ လှတာပေါ့ “ လို့ ပြောလိမ့်မည် ထင်မိခဲ့ပါသည်။ မျှော်လင့်ချက်ကလေးနဲ
့လို့ ဆိုချင်ပါသည်။)
ကျောင်းပိတ်ရက်တစ်ရက်မှာတော့
ကျမ မနေနိုင်တော့စွာ အမေ့ကို မေးလိုက်ပါသည်။
ထိုအခါ အမေက ကျမကို သေချာစွာ ကြည့်ရင်း “ သမီးက အမေ့ထက်တော့ ပိုလှပါတယ်ကွယ်” လို့ 
ညင်ညင်သာသာ၊ လေသံချိုချိုအေးအေးလေးဖြင့် ပြန်ဖြေခဲ့ပါသည်။ ကျမ အမေရဲ့  အဖြေလေးက ထိုမျှသာပင်။
“ဘာဖြစ်လို့ လဲ၊ ဘာလို့ မေးတာလဲ” ဆိုတာမျိုး ပြန်မမေးသလို
ဘာတစ်ခွန်းမှလဲ ဆက်မပြောခဲ့ပါ။ ( တကယ်တော့ အမေသည် ဘယ်တုံးကမှ အပိုစကားဖေါင်ဖေါင် မပြောတတ်သလို၊
မဟုတ်တာလည်း ဘယ်တော့မှ မပြောတတ်သူ တစ်ယောက်ပါ။ အလွန်ရိုးသားပြီး ရိုးစင်းစွာပင် တွေးတတ်
ပြောတတ်သူဖြစ်ပါသည်။ ယခုအချိန်ထိသာပင်။)
ကျမအမေ၏ ထိုအဖြေသည် အရိုးသားဆုံးနှင့် အမှန်ကန်ဆုံးအဖြေပဲ
ဖြစ်မည်ဆိုတာ ကျမ သိလိုက်ပါသည်။ ထို့ ကြောင့်လည်း မိဘပြောသမျှကိုသာ နားထောင်ခဲ့ရသူပီပီ
ကျမကလည်း “ဟုတ်လား” ဟုပင် စကားပြန်အဖြစ် ပြန်မပြောဖြစ်ခဲ့သလို “ ဒါဆို မလှဘူးပေါ့ “
ဆိုတာမျိုး၊ “ လှ လား၊ မလှဘူးလားဆိုတာ သိချင်တာပါ “ လို့ လည်း အတွန့် တက် ပြန်မမေးဖြစ်ခဲ့ပါ။
ထို အဖြေနဲ့ ပင် ကျေနပ်ခဲ့ရပါသည်။
+ + +
ယခုတဖန်
ငယ်ဘ၀ကို ပြန်တွေးမိတော့ ထို ၈နှစ်၊ ၉နှစ်အရွယ်လောက်က ကျမတွင် လှချင်ပချင်စိတ်ကလေး နည်းနည်း ရှိခဲ့ဘူးသည်ကို မှတ်မိနေပါသေးသည်။
အဘယ့်ကြောင့် ဆိုတော့ ကျမကျောင်းသွားတိုင်း မှန်ကို လှစ်ကနဲ ကြည့်လို့ အမေ့ရဲ့ တို
့ဖတ်ကလေး ထည့်သည့် “ သင်း” ပေါင်ဒါဗူးလေးကို ဖွင့်၊ အထဲက အမေ တို့ ပြီးထားခဲ့သည့် ပ၀ါလေးနဲ
့ မျက်နှာကို ဘုတ်ဘုတ်၊ ဘုတ်ဘုတ်နဲ့ အလျှင်အမြန် တို့ လို့  ကျောင်းကို သွားခဲ့ဘူးသည်ကို
ပြန်သတိရမိသောကြာင့် ဖြစ်ပါသည်။ မျက်နှာလေး မှုန်တုန်တုန်နဲ့ ကြည့်ကောင်း သွားသည်လို
့ လည်း ထင်ခဲ့မိပါသည်။
( ကျမသည် အမေ့ရဲ
့ တို့ ဖတ်ပ၀ါလေးကို ယခုတိုင် မှတ်မိနေပါသေးသည်။ အမေသုံးသော တို့ ဖတ်ပ၀ါကလေးသည်
ဈေးက ၀ယ်သည်မဟုတ်ပါ။ အဖေနှင့် အစ်ကိုတို့ အကျ စွတ်ကျယ်အဟောင်းလေးများကို လေးထောင့်လေးညှပ်၊
စင်ကြယ်အောင် သေချာလျှော်ဖွပ်၊ နေရောင်ပြင်းပြင်းမှာ ခြောက်သွေ့  သွားအောင်လှန်း၊ နောက်သနပ်ခါးကို
သွေးပြီး ပန်းကန်လုံးလေးထဲထည့်ထား၊ ပြီးမှ ထို သနပ်ခါးအနှစ်ထဲကို ခြောက်သွေ့ သန့် စင်ပြီး
စွတ်ကျယ်အပိုင်းလေးကို နှစ်လိမ်း၊ ပ၀ါပိုင်းလေးအနှံ့  သနပ်ခါးနှစ်လေးများနဲ့  စိုစွတ်နေပြီဆိုပါမှ
တဖန် နေရိပ်အောက်ထဲ လေနဲ့ ပြန်အခြောက်ခံ၊ ပြီးမှ တို့ ဖတ်ပ၀ါအဖြစ် သုံးတတ်ပါသည်။ စွတ်ကျယ်ပိုင်းအဖြူလေးသည်
သနပ်ခါးရည်ဝကာ ၀ါဖန့် ဖန့် လေးဖြင့် အလွန်ပင် မွှေးလှပါသည်။ ထို့ ကြောင့်လည်း ကျမသည်
အလွန်စိတ်ဝင်စားကာ အလွန်ပင် သုံးချင်လှပါသည်။ )
သို့ ဖြင့် အမေ့လက်ကျန် ပေါင်ဒါမှုန့် လေးများဖြင့် တို့ ဖတ်လေးကို သုံးခဲ့ပါသည်။ ထိုသို့ သုံးရင်း ကျမ မျက်နှာတွင်
ယားလာတတ်ပါသည်။ ယားလာပြီး မျက်နှာပြင်အနှံ့  လက်ညှိုးအရွယ် အနီရောင်ယားနာပြင်လေးများ
ဖြစ်လာပါသည်။ ကျမ ထို တို့ ဖတ်ကလေးကို မသုံးသည့်နေ့ ဆိုပါက မယားတတ်သည်ကို သတိထားတတ်လာပြီးနောက်
မသုံးဖြစ်တော့ပါ။ ထို့ ကြောင့်လည်းပဲ ကျမ ပေါင်ဒါနှင့် မတည့်သည်ကို ထိုအရွယ် ကတည်းပင်
သိခွင့်ရခဲ့ပါသည်။ နောက်တော့ ကျမမှာ ပေါင်ဒါ allergy ဖြစ်တာနေမှာဟူသော လူကြီးတွေရဲ
့မှတ်ချက်ကို ကြားသိခဲ့ရပါသည်။
တကယ်တော့ ထိုအချိန်က ပေါင်ဒါသည်သာမဟုတ်ခဲ့ပါ။ တရုပ်ဇီးသီးကြီးကြီး
မွှေးမွှေးကြီးများ စားပါကလည်း ယားတတ်ပါသည်။ ဇီးသီးအနံ့ ရလျှင်ကို ယားတတ်ပါသည်။ တဖြည်းဖြည်းသိလာရသည်က
အနံ့ တော်တော်များများ၊ အဓိကအားဖြင့် ပေါင်ဒါ၊ မိတ်ကပ်မှ ရသည့်အနံ့ ဖြင့်ပင် ယားတတ်သဖြင့်
လုံးဝ မသုံးဖြစ်တော့ပါ။ သို့ ဖြင့် ကျမ၏ လှချင်စိတ်လေး အညှောက်ပေါက်စမှာပင် နုနုငယ်ငယ်အတက်လေး
ကျိုးခဲ့ပါတော့သည်။
+ + +
အမှန်တကယ်မှာတော့ ပေါင်ဒါ၊ မိတ်ကပ်ထက် ပိုလို့  ကျမ စိတ်ဝင်စားမိသည်က
လက်သည်း၊ ခြေသည်းလေးများ၏ ထိပ်ကို ၀ိုင်းဝိုင်းလေးညှပ်လို့  ပန်းရောင် ဆိုးဆေးလေး ဆိုးခြင်းပင်
ဖြစ်ပါသည်။ ယခုတိုင် အကြိုက်ဆုံးနှင့် အလုပ်ဖြစ်ဆုံးအရာ တစ်ခုပါပင်။
ပေါင်ဒါ၊ မိတ်ကပ်လိမ်းခြင်းကို အမေက တစ်ခါမှ မပြောဖူးခဲ့ပေမဲ့
လက်သည်း ဆိုးခြင်း ကိုတော့ အမေကိုယ်တိုင် ပြောခဲ့ဖူးပါသည်။ “ လက်သည်းရောင် ပန်းရောင်လေး၊
ဒါမှမဟုတ် အဖြူရောင်လေးဆိုးတာကိုတော့ မေမေလည်း သဘောကျတယ်။ သမီးကြီးရင် ဆိုးပေါ့” …ဟု။
ကျမကတော့ ကြီးသည်ထိ
မစောင့်နိုင်ပါ။ ကျမ ၄တန်းလောက်ကဟု မှတ်မိနေပါသည်။ လစ်လျှင် ဘေးအိမ်က အမကြီးများထံသွား၊ သူတို့ ဆိုးနေတာတွေ
့လျှင် ကျမကိုပါ ဆိုးပေးဖို့ ပူဆာ တတ်ပါသည်။ အမကြီးများကလည်း ဆိုးပေးတတ်ပါသည်။ ကျမမှာ
ကျမ လက်သည်းလေးများကို ကြည့်ကာ ကြည်နူး၊ ကျေနပ်မဆုံးဖြစ်နေခဲ့ဖူးတာ ယခုတိုင် မှတ်မိနေပါသေးသည်။
အိမ်ရောက်လျှင်တော့ ကျမ အမေ၊အဖေနဲ့ အဖွားမမြင်အောင် လက်ကို ဖွက်ထားခဲ့ရပါသည်။
လက်သည်းဆိုးသည်ကို ပိုစိတ်ဝင်စားမိပြီး ပေါင်ဒါ၊ မိတ်ကပ်ကို
အထူးတလည် စိတ်မ၀င်စားခဲ့ပေမဲ့လို့  ငယ်ရွယ်သူ ခလေးအတွေးလေးများဖြင့် “ ဘယ်လိုလေး အလှပြင်လိုက်မဟဲ့
“ ဆိုသော အတွေးလေးတွေနဲ့ စိတ်ကူးယဉ်ခဲ့ဘူးသည်ကိုတော့ ခုချိန်ထိ သတိရနေဆဲဖြစ်ပါသည်။
“ အင်း ငါ ၁၉နှစ်အရွယ်လောက်၊ တက္ကသိုလ် ဒုတိယနှစ်လောက်ကျ အိမ်နားက
အမကြီးတွေလို ဆံပင်ကို အရှည်လေးထား၊ နှုတ်ခမ်းနီလေးဆိုး၊ ညီအောင် လက်နဲ့ ညှိပြီး လက်ကအကျန်လေးနဲ
့မျက်ခွံလေးကို လိမ်းလို့ ၊ ငါ သူတို့ လို အဲလိုလေး လုပ်မယ်” ဆိုတဲ့ အတွေးကို ခုအရွယ်ထိ
မမေ့နိုင်ပါ။ ပြန်သတိရတိုင်း ပြုံးလဲ ပြုံးမိတတ်ပါသည်။ ငယ်ရွယ်သူ၊ လှချင်စိတ်လေးနဲ
့နီးစပ်ရာ အမကြီးများကို အတုခိုးချင်သူ၊ ခလေးအတွေးလေးတွေနဲ့  စိတ်ကူးယဉ်ခဲ့ဘူးသည်ကို
အောက်မေ့လှပါသည်။
၈နှစ်၊ ၉နှစ် ငယ်ရွယ်စဉ် အိမ်နီးနားချင်း အစ်မကြီးသူများကို
မြင်တွေ့ ပြီး မျက်နှာ အလှပြင်ဖို့  ခဏတာ စိတ်ကူးယဉ်ခဲ့ပေမဲ့လို့  ၁၄၊၁၅ နှစ်အရွယ်ထိ မျက်နှာအလှအပပြင်တာနှင့် ပါတ်သတ်ပြီး တစ်ဘ၀တာလုံး
သတိရနေစေမဲ့ ထူးထူးခြားခြား အမှတ်တရမျိုးတော့ မရှိခဲ့ပါ။ ကျောင်းသွားတိုင်း သနပ်ခါး ပါးကွက်ကြားလိမ်းခဲ့သည်သာ
သတိရမိပါသည်။ အိမ်နေရင်းတော့ သနပ်ခါးကိုပင် လိမ်းခဲပါသည်။
သို့ သော်ငြား အလှပြင်တာနှင့်ဆက်စပ်ပြီး အမြဲမှတ်မိနေသည့်
ငယ်တုန်းက အကြောင်းလေးတစ်ခုတော့ ရှိပါသည်။ မူလတန်းနှင့် အလယ်တန်းတက်နှစ်များအတွင်း
တစ်နှစ်တစ်ခါ ကျောင်းကပွဲတွေမှာ ဆရာမများက ကပွဲပါ ကျမတို့ ကို ပါးအို့ နီ၊ ပါးနီနဲ
့နှုတ်ခမ်းနီတို့ ဖြင့် လိမ်းချယ်ပေးခဲ့သည်ကိုပါ။ ပါးပေါ်က ပါးအို့ နီဝိုင်းဝိုင်း၊
နှုတ်ခမ်းနီရဲရဲ၊ မျက်ခုံးမွှေးမဲထူထူတို့ နှင့် ပုံစံတူ မျက်နှာလေးများဖြင့် ကျမတို
့သူငယ်ချင်းတစ်သိုက် စိတ်ထဲ အားလုံးကိုယ်စီ လှသည်ဟု ထင်ခဲ့ကြပါသည်။( ထိုစဉ်က အလှပြင်သည်ကို
ရှိုးထုတ်သည်ဟု ပြောကြသည်လည်း မှတ်မိနေပါသေးသည်။)
တကယ်တော့ ကိုယ့် မိသားစုပုံစံနှင့်လည်း ဆိုင်ပါလိမ့်မည် ။
အစ်ကို သုံးယောက်ကြား ကြီးပြင်းခဲ့ရသလို မိခင်ဖြစ်သူကိုယ်တိုင်ကလည်း အလှအပအပေါ် လွန်လွန်ကဲကဲ
အလေးထားမှု မရှိခဲ့တာလည်း ပါပါလိမ့်မည်။ အမေသည် ဆရာမမို့  ကျောင်းသွားချိန် သနပ်ခါးလိမ်း၊
သင်းပေါင်ဒါလေး တို့ တာက လွဲလို့ လည်း ထူးထူးခြားခြား မတွေ့ ခဲ့ဘူးပါ။ တစ်ခါမှ နှုတ်ခမ်းနီဆိုးတာ
မတွေ့ ဘူးသလို ကျမအမေ့ဆီတွင် နှုတ်ခမ်းနီဗူးလည်း တစ်ဗူးတစ်လေမှ မတွေ့ ဘူးခဲ့ပါ။
အနီးစပ်ဆုံး အတုခိုးစရာ အမေက သာမာန်သာ သနပ်ခါးနဲ့ ပေါင်ဒါလေးသာ
သုံးတတ်သူမို့  ကျမအတွက် အားကျစရာမရှိ၊ အတုခိုးစရာမရှိ၊ ယူသုံးစရာ မရှိခဲ့။ ထို့ ကြောင့်လည်း
သနပ်ခါးကလွဲလို့  တခြား ဘာမှ မလိမ်းဖြစ်ခဲ့တာလည်း ဖြစ်နိုင်ပါသည်။ ကျမ အလယ်တန်း တက်ချိန်
တချို့  သူငယ်ချင်းတွေ သနပ်ခါးက ခပ်ဝါ၀ါဖြစ်နေသည်ကို
မှတ်မိနေပါသေးသည်။ မေးကြည့်တော့ သူတို့ က သရဖီပန်းမှ ၀တ်မှုန်ခြောက်ကလေးတွေကို ထဲ့သွေးပြီး
လိမ်းထားတာပါတဲ့။ ကျမ အလွန်စိတ်ဝင်စားသွားပါသည်။
အမေ့ကို ပြောပြတော့ “နွေရာသီ ပူချိန် လိမ်းရင်တော့ မွှေးတာပေါ့။
မေမေကတော့ ၀ါဝါကြီးမို့ မကြိုက်ဘူး” တဲ့။ ဒါနဲ့ ပဲ ကျမရဲ့  စိတ်ဝင်စားမှု ရပ်ခဲ့ပြန်ပါသည်။ အမေသည်သာ ကျမအတွက်
အရာရာကိုး။ အမေကောင်းလျှင် ကောင်း၊ အမေက မကြိုက်ဘူးပြောတော့လည်း ကျမ ဘာမှ ဆက် မတွေးတော့ပါ။
ကျမ ၅တန်း၊ ၆တန်း၊
၇ တန်းလောက်တုန်းက တချို့ သူငယ်ချင်းများက သရဖီပန်း ၀တ်မှုန်လေးများကိုသာ ထည့်လိမ်းကြသလို
တချို့ ကကျ သနပ်ခါးအောက်က မိတ်ကပ်ကိုပါ ခံလိမ်းကြသည်ကို မှတ်မိပါသေးသည်။ သူတို့ သနပ်ခါးမျက်နှာလေးများက
ဝါမှုန်မှုန် ညက်ညက်လေးများဖြင့် လှသည်ဟု ထင်ပါသည်။ ထို သူငယ်ချင်း အမေများကို တွေ့ လိုက်
လျှင်လည်း မိတ်ကပ်ဖွေးဖွေး၊ နှုတ်ခမ်းရဲရဲနှင့် ပြင်ဆင်ထားတတ်ပါသည်။ ထို့ ကြောင့် ထိုသူငယ်ချင်းတို
့က သူတို့ အမေများလို လိမ်းခြင်းဖြစ်ပါလိမ့်မည်ဟု တွေးခဲ့ဖူးပါသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ နည်းတူ ကျမသည်လည်း အမေ သုံးသော ပေါင်ဒါကို စိတ်ဝင်စားခဲ့ဘူးသောကြောင့်ပင်။
ခုချိန်ထိလည်း မှတ်မိနေပါသေးသည်။ “ သင်း” တံဆိပ်ပေါင်ဒါ ပန်းရောင်နှင့် အ၀ါခပ်ရင့်ရင့်
နှစ်မျိုးကို နဲနဲချင်းရောစပ်ပြီး ဗူးဟောင်းတစ်ခုထဲ ထည့်ကာ သုံးတတ်ပါသည်။ ( အမေ့စိတ်ကြိုက်
အရောင် မရှိသောကြောင့် ရောသုံးတာ ဖြစ်ပါလိမ့်မည်။ ) ပေါင်ဒါကုန်လို့  ထပ်မံရောစပ်တိုင်း
ကျမက အမေ့အနားမှာ ထိုင်ကာ ကြည့်နေတတ်ပါသည်။
တစ်ရက်ကတော့ အမေသည် သူ့ အကျီ င်္များထည့်သည့် သံသေတ္တာထဲမှ ပေါင်ဒါဗူး
ပန်းရောင်လေးတစ်ခုကို ထုတ်ပြပါသည်။ ထို့ နောက် “ ဒါက Yardley လို့ ခေါ်တယ်။ ဟိုးအရင်ကသာ
ပေါတာ။ ခုသိတ်မရှိတော့ဘူး။ အဲဒါ အမေက သမီးကြီးရင် လိမ်းဖို့ သိမ်းပေး ထားတယ်။” လို
့ပြောကာ အဖုံးဖွင့်ပြပါသည်။ ကျမက အံ့သြ၀မ်းသာသွားကာ ဗူးလေးကို ယူပြီး မွှေးကြည့်တော့
ပလပ်စတစ်အကြည်လေးဖုံးအုပ်ထားသော်ငြား ခပ်သင်းသင်း အမွှေးရနံ့ လေးသင်းပျံ့  နေပါသည်။
( ကျမ ၁၉၈၈ ခုနှစ်
တက္ကသိုလ် ပထမနှစ် စတက်မှသာ ထိုဗူးလေးကို သုံးခဲ့ရပါသည်။ ခန့် မှန်းခြေ ၁၀ နှစ်ကျော်ကြာပေမဲ့
မွှေးရနံ့ လေးသင်းတုန်း၊ သုံးလို့ ကောင်းတုန်းပင်။ ခုချိန်ပြန်တွေးကြည့်တော့ expired-date
ကျော်နေလောက်ပါပြီ။ ထိုစဉ်က ခုလောက်လည်း ခေတ်မမှီသေး၊ မသိသေးတော့ မွှေးနေဆဲ၊ ကောင်းနေဆဲဟုသာ
ယူဆပြီး သုံးစွဲခဲ့ပါသည်။ ခုလို expired-date တွေ ပါ၊ မပါလဲ မသိခဲ့ကြပါ။ )
ကျမ အလယ်တန်းကျောင်းသူဘ၀ ၅တန်းကနေ ၇ တန်းထိကတော့ သူငယ်ချင်းများရဲ
့ဝါညက်ညက် သနပ်ခါးမျက်နှာလေးတွေကို သဘောကျရင်း ကျမ ကိုယ်တိုင်ကတော့ သနပ်ခါး ပါးကွက်ကျားနဲ
့သာ နှစ်ပါးသွားခဲ့ပါသည်။ ကျောင်းရောက်လို့ ဆော့ကြ၊ပြေးကြ၊ လွှားကြပြီး ရင်တော့ မုန်
့စား ဆင်းချိန်ထိပင် မခံပါ။ ချွေးအလိမ်းလိမ်းနဲ့ မျက်နှာပြောင်လေး ဖြစ်သွားတတ်ပါသည်။
ဆောင်းတွင်းရောက်လို့ အသားလေးများ ပပ်ခဲ့ရင်တော့ အမေ လိမ်းခိုင်းသော
အလှဆီရေရောလေးကို လိမ်းခဲ့ဘူးပါသည်။ အလှဆီခံရင်တော့ သနပ်ခါးက ဘယ်လောက်လိမ်းလိမ်း ထင်းထင်းကြီး
ဖြစ်မနေပါ။ သို့ သော် မျက်နှာလေးကတော့ မလိမ်းခင်ကလို ကြမ်းမနေတော့။
တခါတလေတော့ ဦးသိန်းမောင်၏ တြိရတန တံဆိပ် ဗူးအနီလေးထဲက စနိုးထူပြစ်ပြစ်လေးကို
လိမ်းရတတ်ပါသည်။ စနိုးများသွားလျှင်တော့ စနိုးများပါ
သနပ်ခါးလိမ်းရာနောက် ကပ်ပါလာပြီး လိမ်းရခက်လှပါသည်။ ပိုလှလာမလားလို့ များ များများလိမ်းလိုက်ပါက
ဒုက္ခရောက်ပါတော့သည်။ တော်ရုံတန်ရုံ အနည်းငယ်လိမ်းသည်ကသာ အကောင်းဆုံးဆိုတာ သိလိုက်ရပါသည်။
အမေသုံးသော အလှပြင်ပစ္စည်းဆိုတာလည်း ထိုစနိုး၊ အလှဆီရေရော၊ သနပ်ခါးနဲ့ သင်းပေါင်ဒါမှုန်
့တို့ ပဲ ဖြစ်ပါတော့သည်။
+ + +
ဗြုံးဆို ၈တန်းနှစ်လဲရောက်ပါရော မခေါ်ပါ၊ မမျှော်ပါပဲ မျက်နှာပေါ်
မင်းမူလာခဲ့သည်ကတော့ ၀က်ခြံဖုလေးများပင် ဖြစ်ပါတော့သည်။ ကျမကို အလွန်ချစ်သည်ဟု ထင်ရပါ၏။
ဘယ်လောက်များ ချစ်လှသလဲဆိုတော့ ၁၄ နှစ်အရွယ်မှသည် ယခုအသက် အရွယ်ထိတိုင် ကျမ မျက်နှာမှ
တစ်ရက်တာလေးမှ ခွဲခွာသွားဖို့ စိတ်မကူးသေးစွာ ခိုကပ်နေမြဲမို့ ပါပင်။
ဒီလိုနဲ့  ကျမ မျက်နှာကို မိတ်ကပ်တင်ဖို့ ၊ ပေါင်ဒါတင်ဖို
့နေရာမပေးနိုင်တော့ပဲ ၀က်ခြံလေးများကသာ နေရာ အပြည့်ယူထားလိုက်ပါတော့သည်။ ကျမ မျက်နှာအပေါ်
မင်းမူထားသော ထို ၀က်ခြံများကို အလွန်ပင် စိတ်တိုခဲ့ဘူးပါသည်။ ( ယခုတော့ စိတ်မတိုတော့ပါ။
စိတ်လည်း မပျက်နိုင်တော့ပါ။ ဘာမှ မတတ်နိုင်တော့ဘူး လို့ ပဲ တွေးရင်း ကြိုက်သလို၊ ကြိုက်သလောက်
နေဖို့  လက်ခံထားရပါတော့သည်။ လက်မခံလိုလည်း နှင်ထုတ်လို့ က မရကိုး။)
မှတ်မှတ်ရရ ကျမ ၀က်ခြံပေါက်စမှာပင် ကျမအစ်ကိုများလည်း ဆေးတက္ကသိုလ်တွင်
တက်နေကြပါသည်။ သူတို့ ပြောပြသော ကျောင်းသင်ခန်းစာများ၊ လက်တွေ့ များ အကြောင်း ကြားနေ
သိနေရတော့ ကျမမှာ အတွေးတစ်ခုရလာပါသည်။
ဒီလိုနဲ့ တစ်ရက် မနက်ပိုင်း မှန်ထောင်၊ အ၀တ်ပိုင်းစလေးနဲ
့ ၀က်ခြံတွေကို စပါယ်ရှယ် ညှစ်နေတုန်း ကျမ အစ်ကိုလတ် ကျမနား လာရပ်ပါတော့သည်။ ကျမမှာ
အတွေးက အဆင်သင့်ရှိပြီးသားမို့ သူလည်း လာရပ်ရော “ ကိုလတ်၊ ဒီမှာ ညှစ်ထားတဲ့ ၀က်ခြံထဲက
အဆီခဲလေးတွေကို စုထားပေးမယ်။ အဲဒါ ကျောင်းက Lab ခန်းထဲမှာ ဘာတွေလဲဆိုတာ ဓါတ်ခွဲပြီး
အဲဒါကို ပျောက်အောင် ကုလို့ ရတဲ့ ဆေး ထွင်ပေးစမ်းပါ “ ။ ကျမက တကယ့်ကို စိတ်လက်မာန်ပါ၊
အစ်ကို့ အပေါ် ယုံကြည်ချက်အပြည့်၊ လုပ်နိုင်မယ်လို့ လဲ မျှော်လင့်ချက်အပြည့်နဲ့ ပြောတော့
ကျမအစ်ကိုကလည်း ချက်ချင်း မဆိုင်း……
“ဟ.. ၀က်ခြံက ငါတို့ လူမျိုးတွေတင် ပေါက်တာမှ မဟုတ်တာ။ တကမ္ဘာလုံးက
လူမျိုးတိုင်း ပေါက်ချင်တဲ့သူ ပေါက်တာပဲ။ အနောက်နိုင်ငံက လူတွေ တီဘီတို့ ၊ ကင်ဆာတို
့လို ရောဂါတွေကိုတောင် ပျောက်အောင်၊ သက်သာအောင် ဆေးတွေ ထွင်နိုင်ကြတာ။ တကယ်လို့ နင့်
ဝက်ခြံလဲ ထွင်လို့ ရရင် ထွင်ပြီးပြီပေါ့ဟ။ ပျောက်အောင် လုပ်မရလို့ ဆေးက မရှိတာပေါ့။
ငါ့ကို ဓါတ်ခွဲခိုင်းစရာ မလိုပါဘူး။ အေး…လုပ်ချင်ရင်တော့ နင့်အနေနဲ့ ဝက်ခြံပျောက်ဆေးထက်
ဝက်ခြံညှစ်နည်း နိသရည်း ဆိုပြီး ၀က်ခြံကို အမာရွတ်မကျန်အောင် ဘယ်လို ညှစ်ရမလဲ ဆိုတာပဲ
သုတေသနလုပ် စာအုပ်ထုတ်။ အင်း … ပြောလို့ သာ ပြောရတာ နင် ၀က်ခြံညှစ်တာကလဲ ငါကြည့်နေတာ
ဝက်ခြံညှစ်တာနဲ့ မတူဘူး၊ ၀က်သတ်နေသလိုပဲ ဆိုတော့ ဖြစ်မှာတော့ မဟုတ်ပါဘူး” တဲ့။ အားပေးစကားအရှည်ကြီး
ပြောပါတော့သည်။ အစ်ကို့  စကားလည်းဆုံးရော ကျမရဲ
့မျှော်လင့်ချက်ကြီးလဲ ၀ုန်းဆို ပြိုကျသွားပါတော့သည်။
အင်း… ဒီလိုနဲ့  ၀က်ခြံပျောက်ဆေးစိတ်ကူးယဉ်လေးလည်း ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားပါတော့သည်။ သို့ ပြောသော်ငြား ကျမအစ်ကိုများသည် သူတို့ ၏ သူငယ်ချင်း မိန်းခလေးများက
ဘယ်ဆေးက ကောင်းတယ်ဆို တောင်းလာပေးကြပါသည်။ အိမ်မှာအတူနေ ဦးလေးကလည်း သူ့ ရုံးက စာရေးမများထံက
ကောင်းတယ်၊ ပျောက်တယ်ဆိုသော နည်းများ၊ ဆေးများ မေးလာ၊ တောင်းလာတတ်ပါသေးသည်။
ကျမကလည်း ရဆို တစ်ရက်မဆိုင်း လိမ်းပါသည်။ ကျမ အစ်ကိုများကလည်း
ကျမ မျက်နှာကို မိုးလင်းတိုင်း စိတ်ဝင်တစား ကြည့်ကြ၊ အခြေအနေကို မေးကြပါသည်။
တစ်ခါတရံ ညပိုင်း အိပ်ခါနီး သူတို့ ပေးသော ဆေးများကို ၀က်ခြံဖုလေးများပေါ်
တို့ ထား၊ ပုံထားပါက စ တတ်ပါသည်။ “ ဟေ ဟေး … မိုးကောင်ကင်ပေါ် ကြယ်စုံ၊ မစုံတော့ မသိဘူးဟေ့။
တို့ ညီမ မျက်နှာပေါ်မှာတော့ ကြယ်စုံတာ အမှန်ပဲ “ဆိုတာမျိုး ။ တစ်ခါတလေကျ “ အေးအေ။ ငါသာ
နင့်လို ဆေးပေါင်းစုံလိမ်းပြီး မျက်နှာကို ပြုပြင်ရင် မိုးပေါ်က နတ်သားလေးလောက်တောင်
လှနေရော့မယ်” ဟု တစ်ဖုံ စတတ်ပြန်ပါသည်။
ဘယ်လိုပင် စနောက်နောက် သူတို့ လည်း သူငယ်ချင်းများက ကောင်းတယ်ပြောသမျှ
ဆေးလေးတွေ ယူလာပေးသဖြင့် ကျမအတွက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်ပုံရပါသည်။ ထင်ရုံသာ
ထင်မိပါသည်။ ရာနှုန်းပြည့်တော့ မမျှော်လင့်ခဲ့ပါ။ ဘာလို့ လဲဆိုတော့ “ နင် ၀က်ခြံပေါက်လို
့ရုပ်ဆိုးလိုက်တာလို့ တွေးမနေနဲ့ ။ နင့်ရုပ်က ဆိုးပြီးသား၊ ဒီထက်ပို ဆိုးစရာ မရှိတော့ဘူး။
စိတ်ချ ။ အဖုတွေ ပေါက်လို့ ၊ မပျောက်လို့ စိတ်ညစ်မနေနဲ့ ” ဟု အားပေးစကားကောင်းကောင်းပြောခဲ့ဘူးလို
့ပါ။
ဆိုပါတော့။ ထိုအချိန်က
ဘယ်လောက်ပင် များများ၊ ဘယ်လိုပင် ညှစ်ညှစ်၊ ၀က်သတ်သလိုပင် ထင်ထင် ညှစ်ပြီးပါက သနပ်ခါး
အမြစ်တုံးလေးသွေး၊ အဖုလေးတွေပေါ် ထင်ထား၊ အုံထားပေးပါက နှစ်ညလောက် ကြာလျှင် သက်သာပြီး
နောက်တော့ အနာရွတ် ဆိုးဆိုးဝါးဝါးထင် မကျန်၊ ပျောက်သွားတတ်ပါသည်။ ငယ်ရွယ်နုနယ်စဉ်မို
့ထင့်။ အပေါ်ယံ အနာဖတ်လေးများကွာပြီးပါက အသားနုလေးများပြန်တက်လို့ နဂိုနေ အသားလေးများပမာ
တစ်သားတည်း ပြန်ဖြစ်သွားတတ်ပါသည်။ တစ်ဖု ပျောက်တော့ တစ်ဖုထွက်နဲ့ တော့ အဆက်မပြတ်ခဲ့ပါ။
သို့ သော်ငြား မျက်နှာ ကြည့်ရဆိုးလောက်အောင်တော့ ဖြစ်မနေခဲ့ပါ။ ထို့ အတွက်လည်း ၁၀တန်းအောင်သည်ထိ
သနပ်ခါးမှ လွဲလို့  ဘာမှ အထူးတလည် မလိမ်းခဲ့၊ မသုံးခဲ့ရပါ။
+ + +
၁၀ တန်းအောင်လို့ ၁၉၈၈ခုနှစ်စမှာ တက္ကသိုလ်စတက်တော့ ရင်ခုန်ပျော်မူးခဲ့ရပါသည်။
ထို့ အတူ အလှအပ၊ အပြင်အဆင်လေးများကိုလည်း နီးနီးစပ်စပ် စတွေ့ ထိရတော့မည်။ အိမ်နဲ့ ဝေးရာ
မြို့ မှာ တက်ရသည်မို့  ကိုယ်စိတ်ကူးယဉ်ခဲ့ဘူးတာလေးများကိုလည်း အကောင်အထည် ဖေါ်လိုက်အုံးမည်
ဟု အတွေးများနဲ့ ရူးခဲ့ရပါ၏။
ဒီလိုနဲ့ တစ်ရက် ကျမတို့ မြို့ ကိုယ်စားပြု
Fresher-welcome ပွဲကို တက်ဖို့ ရှိတော့ ဘာမှ မလုပ်တတ်တဲ့ ကျမကို သူငယ်ချင်းများက ၀ိုင်းဝန်း
အလှဆင်ပေးကြတော့သည်။ မှတ်မိသလောက် ပရိုမီနာကို အောက်ကခံလို့  သနပ်ခါးကို ပါးကွက်မပါပဲ
ပါးပါးလိမ်း၊ ပြီးကျ ပေါင်ဒါလေးရိုက်၊ နောက်ဆုံး နှုတ်ခမ်းနီလေးဆိုး။ ရေမွှေးလေးဆွတ်လိုက်တော့
အစွမ်းကုန် အလှဆင်မှု အပြီးသတ်ပါတော့သည်။( ခါတိုင်းကတော့ အမေက မကြိုက်ပါဘူး၊ပါးကွက်က
ရုပ်ကို ကြမ်းသွားတယ် ပြောသော်ငြား ၀က်ခြံဖုံးရန်အလို့ ငှာ ပါးကွက်ကို အမြဲ ကွက်ခဲ့ပါသည်။)
အတန်းကြီးက အမကြီးများကလည်း
“လှလှလေးနော်၊ လှလှလေးတွေ ပြင်ခဲ့ကြနော်၊ ဒါမှ ဒို့် မြို့ သူ ဖရက်ရှာလေးတွေ လှတာ ကြွားရအောင်”
… လို့ အားပေးရင်း မြှောက်ပေးကြ၏။ အားလုံးကလည်း တက်ကြွနေကြသလို သူလိုတာ ကိုယ်က ဖြည့်၊
ကိုယ်လိုတာ သူက ကြည့်ပေးနဲ့ အလှဆုံးပြင်လို့  ပွဲကျင်းပရာ ကျောင်းဆီသို့  ချီတက်ခဲ့ကြပါတော့သည်။
အမှန်တိုင်းပြောရရင် ကျမအတွက် ပထမဆုံးအကြိမ် နှုတ်ခမ်းနီထူထူကြီး
ဆိုးတာဆိုတော့ နှုတ်ခမ်းကြီးဟလို့  စကားတောင် ကောင်းကောင်းမပြောနိုင်ပါ။ ကိုယ့်ဟာကို
သိနေပေမဲ့ ပြင်လို့ မရပါ။
ဒီလိုနဲ့ ကျောင်းက ကျင်းပမဲ့ ခန်းမနားလည်းရောက်ရော ရောက်နှင့်နေတဲ့
တစ်အုပ်တစ်ဖွဲ့ ကြီးက ၀ိုင်းကြိုနေကြပါလေရော။ နှုတ်ခမ်းနီကြောင့် အနေရခက်နေတဲ့ ကျမမှာ
လူအုပ်ကြီးကို မကြည့်ရဲ ပါ။ သူတို့ ကကျလည်း ကျမတို့ ကို ကြိုဆိုသည့်ပွဲဖို့ ဝိုင်းလာကြပြီး
စကားတွေ စုံနေအောင်ပြောကြ၊ မေးကြပါသည်။
မကြာပါ အထက်တန်းတုံးက သူငယ်ချင်း ယောကျာင်္းလေးများရောက်လာကြပါတော့သည်။
ဒီမှာတင် ပွဲက စပါတော့သည်။ ကျမတို့ ကို စေ့စေ့ကြည့်ရင်း ရီကြပါတော့သည်။ အမျိုးမျိုး
အဖုံဖုံလည်း ပြောကြပါသည်။ ဘာတွေမှန်းတော့ မမှတ်မိတော့ပါ။ သူတို့  အတွက်လည်း ကျမတို
့က မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ အ၀တ်သစ်တွေနဲ့ ဆိုတော့ အထူးအဆန်းဖြစ်နေပုံရပါသည်။
နောက်တော့ ကျမနဲ့ ခင်မင်ရင်းနှီးတဲ့ ငယ်သူငယ်ချင်း ယောကျာင်္းလေးများက
ပြောလာ ပါတော့သည်။ “နင်က နဂိုအတိုင်းပဲ ကြည့်ကောင်းတယ်။ သူများတွေ လုပ်တိုင်း လျှောက်မလုပ်စမ်းပါနဲ
့” တဲ့။ ကျမက “သူတို့ လည်း ပြင်ကြတာပဲဟာ” …လို့ အတွန့် တက်ကြည့်တော့ “ သူတို့ က သူတို
့ ၊ နင်ကနင်ပဲ “ ဟု ပြန်ပြောပြန်၏ ။
အော် … ဒီလိုနဲ့  ၁၉၈၈ မှသည် ၁၉၉၅ ခုနှစ်ထိ တက္ကသိုလ်ကျောင်းသူဘ၀တလျှောက်လုံး
ကြည့်ကောင်းပါတယ်ဆိုသော သနပ်ခါးပါးကွက်ကျားလိမ်း၊ တို့ ဖတ်ပ၀ါလေးနဲ့ ထင်းနေတဲ့ ပါးကွက်ကို
ခပ်ပြေပြေလေးဖြစ်သွားအောင် ဖျက်၊ ပေါင်ဒါလေး တစ်ချက်နှစ်ချက် ဖို့ လို့  ၊ တစ်ခါတစ်ရံတော့လည်း
မျက်နှာပြောင်နဲ့ သာ ပြီးခဲ့ရပါတော့သည်။ ထိုအချိန်က ခေတ်စား နေသော ပရိုမီနာတို့  အာချီတို
့နဲ့ ကလည်း မတည့်လေတော့ မလိမ်းခဲ့ရ။ ကျောင်းပြီးလို
့ ဘွဲ့ သာ ရလိုက်သည် နှုတ်ခမ်းနီလေးတောင် မဆိုးခဲ့ရလိုက်ပါ။ အကုန်သက်သာလေစွလို့ သာ ကိုယ့်ကိုယ်ကို
အားပေးရပါသည်။ မိဘငွေ အပိုမကုန်တာပေါ့လေ ဟုသာ ကိုယ့်ကိုယ်ကို ချီးကျူးရမလို ဖြစ်နေပါတော့သည်။
+ + +
အနှစ်ချုပ်ဆိုရပါမူ ကျမသည် နဂိုနေ မလှပပါ။ အဖုအပိမ့်မျက်နှာလေးနဲ
့ဆိုသော်ငြား မည်သူကမျှ ကြည့်ရဆိုးလိုက်တာဟု
မဆိုခဲ့သလို ဘာဘာညာညာသုံးပါလား၊ ကြည့်ကောင်း သွားအောင်လေ ဟုလည်း အကြံမပေးခဲ့ကြပါ။ ကျောင်းပြီးလို
့ဘွဲ့ ရ၊ အလုပ်ထဲဝင်လို့  အလှူ၊ မွေးနေ့ ၊ မင်္ဂလာဆောင်သွားစရာရှိခဲ့လည်း အလုပ်ထဲက ထသွားလိုက်တာပါပဲ။
အထူးတလည် မပြင်ခဲ့သလို ရုံးသွားရုံးလာ ပုံစံနဲ့ ပင် ကြည့်ကောင်းအဆင်ပြေခဲ့ပါသည်။
ရုပ်ရည်မလှသော်ငြား မျက်နှာ ဘာမှ မလိမ်းပေမဲ့လို့  အများအမြင်မှာလည်း
ဆိုးနေသည် မထင်ခဲ့သလို ကိုယ်တိုင်အတွက်လည်း အထူးတလည် စိတ်အနှောင့်အယှက် မဖြစ်ဘူးခဲ့ပါ။ ဘယ်သူကမှလည်း
ဘာစကားမှ အဆိုးမပြောခဲ့ကြပါ။ ၂၀၀၀ ခုနှစ်ထိလောက်ဆိုတော့ ကျမအသက် ၃၀ လောက်ထိ
နဂိုရေ သဘာဝအတိုင်းနဲ့ ပင် ကြည့်ကောင်း အဆင်ပြေနေဆဲဟု မှတ်မိနေပါသည်။
+ + +
သတိထားမိသလောက် အသက် ၃၀ ကျော်နောက်ပိုင်းကစလို့  သူငယ်ချင်းတွေဆုံမိတာနဲ
့ ဟေ့.. နင်ဘာသုံးလဲ။ ငါတော့ ဘာလေးလိမ်းတာ အဆင်ပြေသား။ သုံးကြည့်ပါလား … ဆိုတာမျိုး။
အငယ်တွေနဲ့ တွေ့ ရင် … အစ်မက ဘာလိမ်းတာလဲဟင်။ ကျမလိမ်းတာလေး လိမ်းကြည့်ပါလား … လို
့အကြံပေးတာမျိုး။ အကြီးတွေနဲ့ ဆုံမိရင်တော့ … ငါတို့ တုံးကတော့ ဘာလုပ်ခဲ့ရတာပေါ့အေ
… ဆိုပြီး အတွေ့ အကြုံ ဝေငှတာမျိုး။ တစ်မျိုးမဟုတ် တစ်မျိုး ကြားနေ၊ ကြုံနေခဲ့ရ၏။ ကျမ
မျက်နှာသည် အရင်လို မဟုတ်တော့။ မလှရုံအပြင် ကြည့်ရတာပါ မကောင်းတော့ဘူး ထင်ပါရဲ့ ဟု တွေးမိလာရ၏။
တခါတရံ မောလ်တွေ သွားလို့ အလှပြင်ပစ္စည်းများရောင်းသော ဆိုင်တွေနားရောက်ပါက
သားအဖေက တိုးတိုးပြောတတ်၏။
“ညီး သူတို့ ကို မေးကြည့်ပါလား”
“ဘာကိုလည်း”
“ဟို မျက်နှာကို ဘာလိမ်းရမလဲလို့ ပေါ့”
“ဘာအတွက်လဲ”
“အော် ညီးများ မျက်နှာက အမဲလေးတွေ ဘာလေးတွေ ပျောက်ချင်သလားလို
့ပါ”
“အော်……….”
အလှအပနှင့် ပါတ်သတ်ပြီး တခါမှ မပြောဘူးသူကပင် အကြံပေးစကားလေးများ
မရဲတရဲဆိုတတ်လာပြီဆိုတော့ ကျမရဲ့ အသက်ကြီးခြင်းနောက်မှ ပျက်စီးခြင်းဆိုသည်ကို ဖုံးကွယ်လို့ ဘယ်လိုမှ မရတော့သလို ထိုပျက်စီးခြင်းကို
ဖုံးကွယ်ဖို့ အမှန်တကယ်ကို လိုအပ်လာပြီဆိုတာ မီးနီပြလိုက်သလိုပါပင်။
+ + +
ကျမကိုယ်တိုင်းလည်း တဖြည်းဖြည်းချင်း သိလာ၊တွေ့ လာတာ ၀န်ခံပါသည်။
တကယ်တော့ တဖြည်းဖြည်း အသက်အရွယ်လေးရလာသည်မို့  ငယ်စဉ်ကလို မဟုတ်တော့ပါ။ အဖုလေးတွေကို
ညှစ်ပြီးပါက ဘာတွေ ဘယ်လိုလိမ်းလို့ ဘယ်လောက်ပင် ဂ၇ုတစိုက်ထားပါသော်လည်း နဂိုနေအသားမဖြစ်လာတော့ပါ။
ဒါတင်လားဆို မဟုတ်ရပါ။ ညှစ်ထားရာက အပေါက်လေးများလည်း ကျန်ခဲ့လို့ ခုတော့ နဂိုနေချွေးပေါက်များကပဲ
အသက်အရွယ်ကြီးလာလို့  ကျယ်လာတာလား၊ ၀က်ခြံညှစ်ရတာများလို့ ပဲ အနာပေါက်ဖြစ်ပြီး ကျယ်နေလေသလား
ခွဲခြားမရပါ။ ယခုတော့ မျက်နှာက စတော်ဘယ်ရီသီး မျက်နှာပြင်ပမာ ဖြစ်နေပါပြီ။
ဒီလိုနဲ့ ခုအချိန်မှာတော့ ၀က်ခြံပျောက်ဖို့ ၊ သက်သာဖို့ ၊
ကာကွယ်ဖို့ ၊ ဖုံးကွယ်ဖို့ တို့  အတွက် ( အထူးသဖြင့် ၀က်ခြံသက်သာစေပါသည်ဆိုသော) မိတ်ကပ်၊
လိုးရှင်း၊ ပေါင်ဒါများကို သုံးနေရပါပြီ။
ငယ်ရွယ်နုပျိုစဉ် ၊ ၃၀ အရွယ်တိုင်သည်ထိ ရုပ်ရည်မလှပပါသော်လည်း
ကြည့်ကောင်းသေးသည် ဆိုရပါမည်။ အသားအရည်က စိုပြေ၏။ နှုးညံ့၏။ ချောမွေ့ ခဲ့၏။ လန်းဆတ်၏။
ကြည်လင်ခဲ့၏။ တင်းရင်းခဲ့၏။ အရေးအကြောင်းမရှိခဲ့။ နှုတ်ခမ်းလေးများက နီမြန်းစိုပြေခဲ့၏။
အဖုလေးတွေ အမာရွတ်လေးတွေ ရှိလင့်ကစား ငယ်ရွယ်နုပျိုခြင်းက အကာအကွယ်ပေးထားခဲ့၏။ အသားအရည်
ပျက်စီးသွားသော်လည်းပဲ အသစ် အသစ်တို့ က အစားထိုးလို့ ပြုပြင်ပေးလို့  အချိန်တိုအတွင်း
နဂိုနေ အသားလို ပြန်ဖြစ်ခဲ့၏။
ယခုသော် ထိုသို့ မဟုတ်တော့ပါ။ အနှစ် ၄၀ကျော် ခံစားခဲ့ရသော
နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်တို့ နဲ့ အတူ အသက်အရွယ်ကြီးရင့်လာမှုတို့ ကြောင့် အပြောင်းလဲကြီး
ပြောင်းလဲနေပါပြီဆိုတာ ကျမကိုယ် ကျမ ရိပ်မိသိရှိလာသည်သာမက ဘေးလူများကပါ သတိထား မိလာကြပေပြီ။
နဲနဲချင်း ဆေးကူနေရပါသော မျက်နှာပြင်က အဖုလေးပျောက်သော်လည်း
အမာရွတ်လေးကျန်ခဲ့၏။ အမာရွတ်လေးက သက်သာသွားသော်လည်း အညိုရောင်အမဲစက်လေးကတော့ ကျန်နေသေး၏။ အချိန်တိုအတွင်း
အလွယ်တကူ ပျောက်မသွား။ ဆေးကူပါသော်ငြား လုံးဝနီးပါး နဂိုရေ အသားလို ပြန်ဖြစ်ဖို့  ကြာတောင်းလှပါ၏။
ပထမတစ်ခု မပျောက်ခင် ဒုတိယက နောက်ကလိုက်လာလို့ အလျှင်မှီအောင် မနည်းလိုက်နေရ၏။ အတွေ
့အကြုံများအရ ဆေးကူပြီးနောက်ပိုင်း အနာရွတ် အမဲရာလေးများက ပိုလို့ ထင်း ကျန် တတ်၏။
ငယ်နုစဉ်ကလို ခပ်ဖျော့ဖျော့မဟုတ်တော့သလို တခဏတာလည်း မဟုတ်တော့ပါ။ အရွယ်က စကားပြောလာသည်လို
့ဆိုရပါလိမ့်မည်။
+ + +
ဒီလိုနဲ့ ကိုယ့်ကိုယ်ကို သတိထားမိလာပြီးနောက်ပိုင်း အပြင်ထွက်တိုင်း ဆယ်ကျော်သက်ရွယ် မိန်းမငယ်လေးများ
ဘာမှ မပြုမပြင် မလိမ်းမချယ်ထားပဲ နဂိုနေအတိုင်း မျက်နှာလေးများက ဖြူစင်ချောမွေ့ ကြည်လင်လန်းဆန်း
လှပနေပြီး ဆံပင်လေးတွေကိုလည်း ဖို့ ရိုးဖားရားစီးလို
့ ဆံစလေးများ ဖွာရရာလေးလွင့်ကျနေတာလေးများတွေ့ ရရင် အော် ..ငါတို့ ငယ် ငယ် တုန်းကလည်း
ဒီလိုပဲ နုပျိုလန်းဆန်းခဲ့တာ နေမှာပဲ … တွေးမိရင်း ငယ်ဘ၀၊ ငယ်အလှကို လွမ်းမိပြန်ပါသည်။
တချို့ တလေ အရွယ်လေးငယ်ငယ်ကို လူကြီးများပမာ လိမ်းချယ်လို
့လူကြီးများစတိုင် ဟန်ထုတ်ပြောဆို ပြုမှုနေတာများတွေ့ ရရင်တော့ အော်.. အသက်တွေ ကြီးလာလို
့မလိမ်း မချယ် မဖုံး မဖိလို့ မရတော့မဲ့အချိန်ကျမှ ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀ရယ်၊ ဘာမှ
လိမ်းချယ်စရာ မလိုပဲ သဘာဝအတိုင်း နုပျို စိုပြေလန်းဆတ်လှပတဲ
့အရွယ်၏ ကောင်းခြင်းဆိုတာရယ်ကို သိနားလည်ပြီး လွမ်းနေကြရတော့မှာ ပါလားနော် …နဲ့ မဆီမဆိုင် ဘေးကနေ
နှမျောသလို ခံစားနေရ၏။
ဒီလိုနဲ့ ကြီးလာလို့ အသက်တွေ ရလာကာမှ ငယ်ရွယ်မှုနဲ့ ကြီးရင့်မှုတို
့ကို နှိုင်းယှဉ်မြင် တွေ့ လာပြီး ငယ်ရွယ်နုပျိုခြင်း၏
အနှစ်သာရ တန်ဖိုးကို မျက်ဝါးထင်ထင်သိလာပါတော့သည်။
မိတ်ကပ်၊ ပေါင်ဒါတို့ ဖြင့် ဖုံးကွယ်စရာမလိုပဲ သဘာဝအတိုင်းနဲ
့ပင် ကြည့်ရအဆင်ပြေ ခဲ့သဖြင့် ကံကောင်းခဲ့သည်လို့ ဆိုရပါလိမ့်သည် ။ ငယ်ရွယ်နုပျိုခြင်း
အနှစ်သာရကို သေသေချာချာ သိလို့ ရယ်မဟုတ်ပဲ ငယ်ဘ၀ကို နဂိုနေ အတိုင်း ဖြတ်သန်းလို့  သဘာဝအလှကို
ကောင်းကောင်းကြီး ခံစားခဲ့ရပါလား တွေးမိရင်း ကျေနပ်မိပြန်၏။ တော်ပါသေးရဲ့ ။ ငယ်ရွယ်စဉ်
စိတ်ရူးထခဲ့တုန်းကများ လူကြီးတွေလို မိတ်ကပ်တွေ၊ ပေါင်ဒါတွေ၊ နှုတ်ခမ်းနီတွေနဲ့  မွေးရာပါ
သဘာဝအလှကို မဖုံးကွယ်ခဲ့မိလို့ ။ ယခု အသက်တွေ ရလာလို့ သိရှိနားလည်ချိန်ကျမှ ငယ်စဉ်က
ဘာတစ်ခုမှ မသုံးခဲ့မိသည့်အပေါ် စိတ်သက်သာရာ ရနေမိ၏။
တစ်ခါတလေတော့လည်း အလုပ်ထဲဝင်စ အသက် ၂၀ကျော်နဲ့ ၃၀ကျော်လောက်ကများ
အသားအရေ လှပ၊ ကျန်းမာဖို့ အတွက် အထူး သတိထား ဂရုစိုက်ခဲ့မိရင် ခုချိန် ဒီလောက်ထိ ဆိုးချင်မှ
ဆိုးနေမှာလို့ လဲ တွေးမိ၊ နောင်တ၇နေမိပြန်၏။
ထပ်စဉ်းစားမိပြန်တော့ အော်..ငါ့နှယ် ငါ့မှာ ၁၀ တန်းအောင်တဲ့ထိ
အဖေညှပ်တဲ့ ဆံပင်ညှပ်ဆိုင်မှာပဲ အဲဒီခေတ်အခေါ် စန္ဒာကေ နားအကွင်းပုံပဲ ညှပ်ခဲ့ရတဲ့သူ၊
တက္ကသိုလ်ရောက်တော့လည်း ရှည်လာတဲ့ ဆံပင်ကို
သူငယ်ချင်းတွေကိုပဲ တိုအောင်ညှိခိုင်းတတ်သူ၊ ကျောင်းပြီး ဘွဲ့ ရလို့ အလုပ်ထဲ ရောက်ပြန်လည်း
ဆံပင်ရှည်ပဲ ထားခဲ့သူ။ အလှပြင်ဆိုင်ဆိုတာနဲ့  အလှမ်းဝေးခဲ့တာ ကိုယ်တိုင်အသိ။
ဆံပင်ညှပ်တာကိုပင် ဆိုင်သွားခဲလှတော့ မျက်နှာအလှအပ ပြင်ဆင်လိမ်းချယ်
ဂရုစိုက်ဖို့ ဝေး၊ အသားအရည် ကျန်းမာရေး ဆိုင်ရာများကို သိသူ တတ်သူတွေကို မေးဖို့ ဝေး၊ ပြင်ဖို့ ဝေး၊ စာတွေ ဖတ်မိဖို့ ဝေးခဲ့ပြီး
ဂရုစိုက်တတ်ဖို့ အသိ ပညာနဲ့ လည်း ဝေးခဲ့ရတာ မဆန်းလှပါဘူးလို့ လဲ ကိုယ်တိုင် ဆန်းစစ်မိပါ၏။
ယခု ခေတ်လို အသိပေး စာစောင်တွေ ပေါပေါများများ မပေါ်သေးတာလည်း ပါနိုင်ကောင်းပါရဲ့ ။
ကျမရဲ့ အလုပ်ကိုက ဖုန်တွေ၊ သဲတွေနဲ့ နေ့ တဒူဝ ဖြတ်သန်းနေရတာဆိုတော့
… အင်း အဲဒါကြောင့်လည်း ဖြစ်နိုင်တာပါပဲ။ သတိထားမိသလောက်လည်း အလုပ်ဝင်ပြီးမှ ပိုဆိုးလာ
ခဲ့သည်ကို သတိရမိပြန်၏။ သတိရမိ၊ နောင်တရမိတာကလွဲလို့ လည်း ဘာမှ ပြန်ပြင်လို့ က မရတော့။ အစားအသောက်၊ အနေအထိုင်နဲ့ ကလည်း တိုက်ရိုက် သက်ဆိုင်နေလေတော့
ခုချိန်က စလို့ ရှေ့ရှောက် ပိုလို့ ဂရုစိုက်မှပါပဲလေလို့  တွေးဖြစ်၏။
+ + +
ဒီလိုနဲ့ အသက် ၄၀ကျော်ကျမှပင် အများအမြင်၊ ကိုယ့်အမြင်သွင်ပြင်လေး
သင့်တင့်ဖို့ အရေး မိတ်ကပ်၊ ပေါင်ဒါတို့ ဖြင့် ရင်းနှီးအောင် ကြိုးစားရပါတော့သည်။ အများအမြင်
ကြီးကာမှ ငယ်မူပြန်၊ လှချင်သည်ဆိုချင်ဆို၊ ကျမမှာ အသက်အရွယ် ကြီးလာတာနဲ့ အမျှ့ အမှန်တကယ်လိုအပ်လာတာကို
မြင်သိလာရင်း ငယ်ရွယ်စဉ် ကျောက်ပြင်နဲ့ သနပ်ခါးတုံးတို့ နဲ့ သာ ချယ်လှယ်ထားသော မှန်ဘေးမှာ
ယခုတော့ အ၀ိုင်း၊ လေးထောင့်၊ အပု၊ အရှည်၊ အဖြူ၊ အနက်၊ မနက်၊ ည၊ အမည်ပေါင်းစုံတပ်ထားသော
အရောင်စုံ ဗူး၊ ပုလင်းစုံစွာက နေရာယူ မင်းမူနေကြပါပြီ။
ငယ်ကတည်းက မိတ်ကပ်၊ ပေါင်ဒါ၊ မွှေးရနံ့ တော်တော်များများတို
့နဲ့  မတည့်ခဲ့လေတော့ သူများက ညွှန်းတိုင်းလဲ မသုံးရဲ။ လူသတင်း၊ စာသတင်း၊ ဆေးသတင်းတွေကို
ဖတ်ပြီး ကိုယ်နဲ့  တည့်မဲ့ အမျိုးအစားထဲက ကောင်းတယ်ဆိုမှ စမ်းသုံးကြည့်ရ၏။ တစ်မျိုး
တစ်မည် တစ်ခု တိုးလာတိုင်း အော်..ငါ့ အသက် ကြီး ကြီးလာပြီး ပိုပို အိုအိုလာပြီ ဆိုတဲ့
နမိတ်ပါလားလို့  လဲ ခံစားမိရ၏။
ဒီလိုနဲ့ ပြီးခဲ့အပါတ်ထဲက ကျမသုံးနေကျ ပစ္စည်းဆိုင်မှ အသားအရည်အတွက်
ကောင်းတယ်ဆိုတဲ့ ဗူးလေး သုံးဗူး စမ်းသုံးကြည့်ဖို့ ထပ်ဝယ်လာဖြစ်၏။ အဲဒီညမှာပဲ သားရဲ့ အဖေက ထုံးစံအတိုင်း သူ့ ကင်မရာကို ကလိနေတော့ ကျမက…
“ဒီမှာ ညီး ကျုပ်ဝယ်ထားတဲ့ ဗူးလေးတွေကို ဓါတ်ပုံရိုက်ကြည့်ပါလား။
အဖြူနဲ့ အနက် ရောင်ချည်းပဲ ဆိုတော့ ထင်းနေပြီး လှမှာ။ အထဲမှာလည်း တံဆိပ်စာတမ်းလေးပါတယ်။
အဲဒါလေးတွေ ပေါ်အောင်ရိုက်ပေါ့ ” လို့ ပြောတော့…
“အေး … ရိုက်ပေးမယ်။ ပြီးကျ ကြွားတာလို့ ခေါင်းစဉ်တပ်ပြီး
ဖဘပေါ်တင်ပေါ့” ဟု ပြန်ပြောပါသည်။ သူက ကြွားတာပေါ့ လို့ စနောက်ပြီး ပြောလိုက်ပေမဲ့ ကျမခေါင်းထဲမှာတော့
“ကြွားတာ မဟုတ်ဘူးဟေ့။ အကူလေးတွေ လိုလာပြီဆိုတဲ့သဘော။ ဒီတော့ အိုလာပြီလို့  မောင်းခတ်ကြေငြာတာပဲဖြစ်တော့မှာ။” … ဆိုသည့် အတွေးတွေသာ ပလုံစီနေ၏။ နှုတ်ကဖွင့်လို
့ တရားဝင်တော့လည်း ၀န်မခံချင်သေးပေ။
အခုတော့ မိတ်ကပ်။ ပေါင်ဒါ ၊ နှုတ်ခမ်းနီတို့ ကို ငယ်ငယ်ကတွေးခဲ့သလို
အရှိထက် ပိုလို့ လှဖို့ ပဖို့ လိမ်းဖို့ ၊ ချယ်ဖို့  ထက် အ၇ှိကို ကြည့်ကောင်းဖို့ အတွက် သုံးနေရပါပြီ။ ပြောပြီးပါပကော။ ကျမက မလှပါဘူးဆိုတာ။
သုံးရုံနဲ့ လှလာမှ မဟုတ်တော့ လှဖို့ ရာ မသုံးခဲ့။
မသုံးတတ်ခဲ့။ ထို့ ကြောင့် ရှိတာထက် ပိုလှလားမလာဆိုသော အတွေးမျိုးနဲ့  ပိုလှဖို့ ၊
ရှိပြီးသားအလှ ပိုမို ထင်သာလာစေဖို့ သုံးခဲ့ဖူးသည်မဟုတ်။
အခု ၄၀ ကျော်လို့  အရေးအကြောင်းဟဲ့ ပွဲတွေ လမ်းတွေ သွားရတော့မယ်ဆိုကာမှ
ဖုံးဖို့  ဖိဖို့ လိုလာတော့ ဘယ်လိုက ဘယ်လို
စရမယ်မှန်းမသိ။ တကယ်တော့ ၀ါသနာကို အရင်းခံတဲ့ စိတ်ဝင်စားမှုက အရေးပါပါလိမ့်မည်။ လိမ်းဖို
့ချယ်ဖို့ ငယ်စဉ်ကတည်းကသာ ၀ါသနာလေးလည်း အမှန်တကယ်ပါလာပါက အမြဲတစေ မလိမ်းမချယ်ဖြစ်သော်ငြား
စိတ်ဝင်စားမှုလေးကြောင့် ဘယ်လို လိမ်းရ ချယ်ရလောက်တော့ လေ့လာဖြစ်အုံးမယ်ထင်ပါရဲ့ ။ အရေးဟဲ့
လိမ်းဖို့ လိုလာခဲ့ရင် အဖြစ်တော့ လိမ်းတတ်ပါလိမ့်အုံးမည်။
ဘာလို့ လဲဆိုတော့ ကျမက အစားအသောက်ကျ စိတ်ဝင်စားခဲ့၏။ ၁၀ တန်းအောင်သည်ထိ
အမေ့ကို ဘေးက ကူတာလောက်ကလွဲလို့ ဈေးလည်း မသွားဖူး၊ မ၀ယ်ဖူး၊ မချက်မပြုတ်ဖူးခဲ့ပါ။
သို့ သော် ကောင်းတာမှတော့ ကြိုက်၏။ မကောင်းပါက စိတ်ညစ်ခံပြီး နှမျောစိတ်နဲ့ တောင် မစားခဲ့ပါ။
အမေကျတော့ ရှေးလူကြီးပီပီ ကိုယ်တိုင် လုပ်ရမှ စိတ်ကျေနပ်သလို စည်းစနစ်နဲ့  ချိုးခြံချွေတာရမည်မို
့မခိုင်းတာလည်း ပါပါလိမ့်မည်။ နောက်ကြီးပြန်တော့လည်း အချက်အပြုတ်လက်ရာကောင်းလှသော
ယောင်းမက တစ်အိမ်လုံး တာဝန်ယူပြန်တော့ ကျမက ဘာမှ တာဝန် မယူခဲ့ရ။
သို့ သော် အိမ်ထောင်ကျလို့ ကိုယ်တိုင် မီးဖိုချောင်နဲ့ အိမ်မှုရေးရာ
အစစ စီမံခန့် ခွဲ ၊ ၀ယ်ခြမ်း သုံးစွဲရတော့မယ်ဆိုတော့လည်း သူ့ အလိုလို ၀ယ်ခြမ်း ချက်ပြုတ်နဲ
့ဟုတ်နေ ပါတော့သည်။
အစားသောက်များဆို စာတွေ့ ရော၊ စားဖူးတာရော၊ မြင်ဖူးတာရောနဲ
့ စားလို့ ကောင်းတာ၊ ကြိုက်တာဆို စမ်းချက်ကြည့်တတ်၏။ ၁ ခါနဲ့ မကောင်း ၂ ခါချက်ကြည့်၊
၂ ခါနဲ့ မှ မကောင်း ၃ခါ ထပ်ချက်ဖို့ ဝန်မလေးစွာ ချက်တတ်၏။ ဆိုင်သွားစားပါကလည်း ဒါလေးက
ဘာလေးနဲ့ ညာလေးနဲ့ ချက်ထားတာနေမှာနဲ့ အရသာ ခံကြည့်၊ မှန်းကြည့်တတ်ပြီး ပြန်ချက်တတ်၏။
ဝါသနာက ပါလေတော့ အိမ်ထောင်ကျချိန် အသက် ၃၀ကျော်ပါမှ စချက်ရပါသော်လည်း အဆင်ပြေ စားကောင်းသည်
ထင်ပါသည်။
ကြီးမှ ခင်တဲ့သူများကလည်း ပြောတတ်ပါ၏။ “ ခုမှ ချက်ရတာ ဟုတ်ရဲ
့လား။ ငယ်ကတည်းက ချက်ရတာမဟုတ်ဘူးလား။ ခုလောက်ကောင်းနေတာ “…လို့ ပြောတတ်ပါသည်။ စားကောင်းအောင်
ပြောသည်လား။ တကယ်လားတော့ ခွဲခြားမသိ။ ထို့ ပြင် ငယ်သူငယ်ချင်းများ ကလည်း “ ကြည့်စမ်း
အဲလို ချက်တတ်မှန်း ငါတို့ ငယ်ငယ်က မသိခဲ့ရပါလား၊ ချက်ကျွေးရမှာ ကြောက်လို့ မချက်ခဲ့တာလား
“ နဲ့  ထောပနာပြုတတ်ပြန်ပါသည်။
သို့ ဆိုပါ သောကြောင့် ချက်ရတာ ၀ါသနာပါပြီး အစားအသောက်ကောင်းကောင်းကို စိတ်ဝင်စားမှုရှိ လို့ သာ အချက်အပြုတ် အတန်အသင့် တတ်ကျွမ်းသည်ဟု ထင်ပါသည်။ မလုပ်မဖြစ် လုပ်ကို လုပ်မှ
ရမည်ဆိုတာ သိလို့  မဖြစ်မနေ ကြိုးစားချက်ရင်း ကောင်းလာတာလည်း ဖြစ်နိုင်ပါလိမ့်သည်။
အလှပြင်တာကျတော့ ၀ါသနာမကြီးလှတာလည်း ပါမှာ ဖြစ်သလို စိတ်လည်း
အထူးတလည် မ၀င်စား၊ မလိမ်းလည်း ရနေပြီး၊ မဖြစ်မနေ လုပ်ကို လုပ်ရမှာမျိုး မဟုတ်သောကြောင့်သာ ခုအရွယ်ထိ
မလိမ်းမချယ်တတ်ခြင်း ဖြစ်ပါလိမ့်မည်။ သားအဖေအကြံပေးသလို မိတ်ကပ်ရောင်းတဲ့ ဆိုင်တွေမှာ
သူများတွေ နမူနာအလိမ်းခံနေသလို ကိုယ်လည်း သူတို့ ကို အလိမ်းခိုင်းပြီး သင်ရကောင်းမလား
ဟု တစ်ခါမှ မတွေးခဲ့ဘူးသော အတွေးမျိုးပင် ၀င်လာလိုက်သေး၏။
အတွေ့ အကြုံက စကားပြောတယ်လို့ ဆိုရိုးလေးက ရှိလေတော့ လိမ်းစရှိလို
့ခဏခဏ လိမ်းချယ်လာတာကြာရင် မိတ်ကပ်ရည်ဝပြီး မျက်နှာလေးက ပြေပြစ်အဆင်ပြေလာကောင်းပါရဲ့ ။ မြင်သူတွေက… အမယ်.. ကြည့်စမ်း ၄၀ကျော်လို့ တောင်
မထင်ရဘူး၊ နုနေလိုက်တာ…လို့ .. မပြောဘူး ဘယ်သူပြောနိုင်မလဲနော်..။ အချင်းချင်း အားပေးတာမျိုးပဲ
ဖြစ်ဖြစ်ပေါ့။ ကိုယ့်တစ်ယောက်တည်း တွေးမိပြီး ပြုံးရပြန်ပါသည်။
တကယ်တော့လည်း ၁၀ ကျော်သက်နဲ့ ခုအရွယ်နဲ့ က သားအမိအရွယ်ဖြစ်နေပြီဆိုတော့
တွေးမိလို့ သာ တွေးရ မဖြစ်နိုင်တော့တာလည်း အသိ။ အသက်အရွယ်က စကားပြောလာပါပြီ။
+ + +
တစ်ခါ ငယ်ငယ်ကအကြောင်းလေး မှတ်မိလာပြန်သည်။ ကျမ ၁၀တန်းအောင်သည့်နှစ်က
ကျမအဖေ နိုင်ငံခြားသို့ သွားရ၏။ ကျမအတွက် မိတ်ကပ်လေး၊ နှုတ်ခမ်းနီလေး၊ ပေါင်ဒါဗူးလေး
တွေများ ၀ယ်လာပေးမလားလို့ တိတ်တခိုး မျှော်လင့်ခဲ့ဖူး၏။ ကျမမှာ ပေါ်တင်လည်း မမှာရဲသလို
ဘာကို အမည်တပ်မှာရမှန်းလည်း မသိ။ ကျမအဖေကိုယ်တိုင်လည်း
မ၀ယ်တတ်တာ သိသော်ငြား ပါလာကောင်းနိုး မျှော်ခဲ့၏။ ပြန်လာတော့ ရေမွှေးပုလင်းသာ ပါလာခဲ့ပါသည်။
ကျမက မရဲတရဲ မေးကြည့်တော့…
“ပေါလိုက်တာ။ ဈေးဆိုင်တွေမှာ
ဇလားကြီးတွေထဲ ထည့်ထားတာ။ ဘာဝယ်ရမှန်းလဲ မသိဘူး။ သင်တန်းက အဖေါ်တစ်ယောက်မေးကြည့်တော့
သူက မင်း သမီးက အသက်ဘယ်လောက်လဲတဲ့။ အဖေက ၁၆နှစ်ဆိုတော့ အိုး.. ၁၆၊ ငယ်သေးတယ်မလိုသေးဘူး။
ဒို့ လို အဖွားကြီးတွေကမှ တကယ်လိုတာ။ နောက်ပြီး ငယ်ကတည်းက နှုတ်ခမ်းနီဆိုးရင် တောက်လျှောက်
မဆိုးလို့ မရတော့ဘူး။ မင်း သမီးကို မဆိုးစေနဲ့ ။ တွေ့ လား ငါ့ နှုတ်ခမ်းတွေက ဖြူခြောက်ခြောက်ဖြစ်နေတာ။
ငယ်တုံးကတည်းက သုံးခဲ့လို့ ။ ငယ်တုံး မလိုဘူး။ သဘာဝအတိုင်း လှပြီးသား။ ကြီးရင် လိုလာမှာ၊
အဲဒီတော့မှ သုံးခိုင်း ” လို့ ပြောလို့ ဘာမှ မ၀ယ်ခဲ့တော့ပါတဲ့။
ခု ပြန်သတိရမိတော့
သူမပြောတာလည်း ဟုတ်နေ၊ မှန်နေတာပါပဲလားလို့  ခု အသက် ၄၀ကျော်လို့ ကိုယ်တွေ့ ကြုံကာမှ
လက်ခံလိုက်ရပါတော့သည်။ နှုတ်ခမ်းများက တခါတလေ အက်ကွဲကွဲ ဖြူခြောက်ခြောက်ဖြစ်လို့ ၊ ဆေးကူနေရပါပြီ။
သူငယ်ချင်းများကတောင် အောင်မယ်.. အိမ်ထောင်ကျကာမှ နှုတ်ခမ်းနီတွေ၊ ဘာတွေ ဆိုးလို့ ၊
တယ်ဟုတ်နေပါလား…တဲ့။ အော်..သူတို့ မှာ ကြီးမှ လှချင်နေပြီ ထင်နေကြတယ် ထင်ပါရဲ့ ။ ကျမမှာတော့ မဆိုးလို့ မဖြစ်တော့ လောက် အောင် ကြည့်ရဆိုးနေတာလို့ ပြန်မပြောရဲ၊ ပြောလာတိုင်း
တဟဲဟဲနဲ့ သာ ရယ်နေရတော့တာပါပဲ။
ခုချိန်ထိ ဟိုနား ဒီနားနဲ့ သာမာန် ဈေးဝယ်ထွက်တာလောက်ကတော့
နှုတ်ခမ်းနီလေး တခါတလေ တို့ ရုံကလွဲလို့ ဘာမှ မလိမ်းမချယ်ဖြစ်။ အမှန်ပြောရပါက ငယ်စဉ်ကတည်းက
ဘာမှ မလိမ်းမချယ်ရပဲ လှတာမျိုးပဲ ဖြစ်ချင်ခဲ့တာမို
့ ခုချိန်ထိ လိမ်းဖို့ ရာ ပျင်းသေး၏။ လိမ်းတိုင်းလည်း အဆင်ပြေလှသည် မဟုတ်တာလည်း ပါ
ပါသည်။ တခါတလေများ လိမ်းပြီးပါက ငါ့နှယ်.. မလိမ်းတာမှ ကောင်းအုံးမယ်ထင်ပါရဲ့ .. ထိ တွေးမိသည့်အကြိမ် ခပ်များများရယ်။ ဘေးလူမေးကြည့်လို
့အင်တင်တင်ဆိုရင်တော့ ပြန်ဖျက်လိုက်တာ များပါ၏။
အပြင်ထွက်တိုင်းလိုလို မလိမ်း၊ မခြယ်၊ မဖုံး၊ မဖိပေမဲ့လို
့ လိုအပ်သည်ထင်လျှင်တော့ ဖုံးရ၊ဖိရ၏။ အနည်းငယ် ကြည့်ကောင်းသွားသလိုပါပဲလေလို့  မိမိစိတ်ထဲ
ယုံကြည်ဖို့  ကြိတ်မှိတ် ကြိုးစားနေမိ၏။ အသက်လေးကလည်း ရလာပြီဆိုတော့ ငါ အိုပြီ၊ ငါ နာပြီ၊ ငါ ဘာလုပ်ဖို့ အချိန်တန်ပြီလဲ…
ဆိုတဲ့ အသိကလည်း နောက်က ကပ်ပါလာတတ်ပြန်၏။
အနောက်နိုင်ငံတွေအဆိုအရ ၄၀ ကျော်မှ ဘ၀စတာပါလို့ ပြောကြတာကြားဘူးလို
့အသိ အင်္ဂလိပ်တစ်ယောက်မေးတော့ သူက “အင်း ၄၀ ကျော်ရင် diet စလုပ်ဖို့ လိုပြီကွ” လို့ ပြန်ပြော
ခဲ့ပါသည်။ သူပြောသလိုပါပင်။ အပေါ်ယံမြင်သာသည့် မျက်နှာ၊ အသားအရည်သာမက ကိုယ်ခန္ဓာကလည်း
နာလာပါပြီ။
အသွားမတော် တစ်လှမ်းဆိုတာလို တစ်ခါတစ်ရံ လှေကားတစ်ထစ်တက်ရုံနဲ
့ဒူးက နာလာတတ်၏။ အထိုင် အထ အဆင်မပြေတာနဲ့ လည်း ခါးက မျက်တတ်၏။ နှာလေးတစ်ချက် ချေလိုက်တာကပင်
အကြောတွေနာလို့  ရက်ရှည်ခံစားတတ်ရ၏။ အစားလေးတစ်လုတ်နဲ့ လဲ သွားများယိုင်နဲ့ သွားတတ်ပြန်၏။
ငယ်ရွယ်စဉ်က တောက်ပရွှန်းလဲ့ခဲ့သော မျက်လုံးများကလည်း ခုများတော့ အနီးကျ မှုန်တုန်တုန်၊
အဝေးကျ မပီဝိုးတပါးနဲ့ မို့ အပိုအဆင်တန်ဆာလေးနဲ့ ဖြစ်နေ ပါပြီ။ အိုခြင်း၊ နာခြင်းတွေ
လက်တွေ့  ကြုံလာရင်း တစ်နေ့ ထက် တစ်နေ့  အိုတာနာတာတွေ တဖြည်းဖြည်းချင်း ပိုပို ခံစားလာရတော့
အသွားအလာ၊ အနေအထိုင်၊ အစားအသောက်က အစ ကျန်းမာရေး အထူးဂရုစိုက်ဖို့  လိုလာပြီမှန်း သိလာရပါ၏။
ဒါတင်မက အင်း …
ငါ သိပ် မနာခင် တရားလေးလုပ်မှပါပဲလေ…လို့ လည်း အသိတရားလေး ၀င်လာပြန်၏။ သိပ်မနာခင်၊
ကိုယ်ခန္ဓာရော၊ စိတ်ပါ လုံးလုံးနှစ်လို့ တရား အားထုတ်နိုင်တုံးလေး လုပ်ပါမှ။ တတိယအရွယ်ရောက်သည်ထိစောင့်နေပါက
ကိုယ်လဲနာ၊ စိတ်လဲကျနဲ့ ဘယ်လိုမှ ထိထိရောက်ရောက် အားထုတ်လို့ ရနိုင်လိမ့်မည် မဟုတ်ဆိုတာလဲ
တွေးမိပြန်၏။ အသက် ၂၀ကျော်က သုံး၊ လေးကြိမ် ၀င်ခဲ့ဘူးသော တရားစခန်း အတွေ့ အကြုံလေးကို
စိတ်ထဲ ပြန်လည် စုစည်းပြီး ပျံ့ လွင့်နေမြဲစိတ်ကို ထိန်းတာက စလုပ်ရမှာပါပဲလေ လို့ 
စဉ်စားဖြစ်၏။
လူကိုယ်ခန္ဒာရော ၊ စိတ်ရော လုံးလုံးနစ်ပါနိုင်အောင် အချိန်ပေးရအုံးမှာပါလား…ဟုလည်း
ကိုယ့်ဟာကိုယ် ရိပ်မိပြန်၏။ အို ..ရသလောက် ၊ ပါသလောက်ပေါ့၊ အားခဲရင်း တတ်နိုင်သမျှလေး
လုပ်ဖို့ ကြိုးစားရ၏။ ခုချိန်ထိတော့ ရတဲ့အချိန်လေး ကြိုးစားကြည့်မှပါပဲလေနဲ့ သာ တွေးမိရင်း
စိတ်နဲ့ ကိုယ် နှစ်ခုလုံးကတော့ ရပ်နေမြဲသာပင်။ တကယ်တော့ ရတဲ့ အချိန်ထက် အချိန်ကို ရအောင်
ကြိုးစားရမှာမှန်း သိပါရက်နဲ့ စိတ်ရော၊ ကိုယ်ပါ နှစ်ခုလုံးက မလိုက်နိုင်သေး။ လုပ်မှ
ရတော့မယ်… လုပ်၇တော့မယ် …. ကြိုးစားရအုံးမယ်… ကြိုးစားရမယ် …. အကြိမ်ကြိမ် ရွတ်လို
့…..
+ + +
တခါတလေတော့လည်း အော်… အပေါ်ယံအလှအတွက် ငွေကုန်ခံပြီး ဖုံးဖို
့ဖိဖို့ ကျ ချက်ချင်း လုပ်မိပေမဲ့ အဓိက အရေးကြီးတဲ့
ကျန်းမာရေးအတွက်နဲ့ တရားနောက်လိုက်ဖို့ ကျ တယ်ခက်နေလိုက်ပါလား..လို့ ကိုယ့်စိတ်ကို
စောကျောနေမိ၏။ အသိတရားလေးဝင်လာရင်တော့ ရတဲ့တရားစာလေးကို စိတ်ထဲက အလွယ်တကူပင် ရွတ်လိုက်မိ၏။
တစ်ခါ တစ်လေတော့လည်း ဖွင့်ထားတတ်တဲ့ တရားတော်နောက်ကို စိတ်နှစ်ကာ အမှီလိုက်နေမိ၏။ ထိုသို
့ ကြိုးစားနေရင်း ကပင် ဖြူသီ့သီချင်း တစ်ပိုင်းတစ်စက ခေါင်းထဲ အတင်းတို့ ဝှေ့ နေရာယူ
လာတတ်ပြန်၏။
ဘာတဲ့…
“ မငယ်တော့ဘူးကွယ်
စစ်တော့ အသက်က ၄၀၊ လူတကာက မေးလာကြတော့ ဖြေမယ် အစိတ်လောက်ကွယ်။ အရေးအကြောင်းများ ရှိလာရင်
ဖုံးရ ဖိရသနော်…..”
+++++++++
27.9.12
No comments:
Post a Comment